ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ပါတီလူငယ်ကော်မတီမှဦးဆောင်၍ ခရိုင်စည်းရုံးရေးနယ်မြေအတွင်းရှိ မြို့နယ်များမှ လူငယ် ကော်မတီဝင်များသည် လစဉ်၊အပတ်စဉ် လူငယ်နေ့ (Youth Day) အရ ယနေ့ မွန်းလွဲ ၂နာရီ ခွဲ တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ဒဂုံတက္ကသိုလ်အနီးရှိ ရွှေပေါက်ကံ္က တံတားအဆင်း ကျန်စစ်သားလမ်းမ ကြီးဘေးတွင် စုပေါင်းလုပ်အားပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။