မန္တလေးတိုင်းဒေသကြီး ပျော် ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် ပျော်ဘွယ်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ရမည်းသင်းခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးထွန်းထွန်းဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူး များနှင့်အမှုဆောင်များ အင်အား ၅၉ ဦးတက်ရောက်ခဲ့သည်။