ရခိုင်အရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးပွဲတွေ ပြုလုပ်ခြင်းဟာ အစိုးရကို ကူညီနေတာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က သတင်းထောက်တွေကိုပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကိစ္စတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ယောက်တည်းနဲ့ အစိုးရတစ်ခုတည်းနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်ဘဲ နိုင်ငံသားအားလုံးမှာ တာဝန်ရှိတာမို့ အားလုံးဝိုင်းဝန်းဆောင်ရွက်မှရမယ်လို့လည်း သူကဆိုပါတယ်။