တရားဥပဒေစိုးမိုးရေး နိုင်ငံနယ်နိမိတ်တို့ကို ပညာဖြင့် ကာကွယ်ရန် DNA မျိုးရိုးဗီဇမှတ်တမ်းထားရှိရန် တိုက်တွန်းသည့်အဆိုမှတ်တမ်းတင် ခံရ

 

နိုင်ငံတော်အချုပ်အခြာ တည်တံ့ခိုင်မြဲရေးအတွက် တရားဥပဒေ စိုးမိုးရန် ဆောင်ရွက်ရာတွင် အစိုးရ၊ တပ်မတော်နှင့်လွှတ်တော်တို့ ပါဝင်ကာ နိုင်ငံ နယ်နိမိတ်အား ပညာဖြင့်ကာကွယ်ရန် အဆိုတင်သွင်းရခြင်းဖြစ်၍ တင်သွင်းခဲ့သည့်အဆိုကို အတည်ပြုပေးပါရန် လွှတ်တော်သို့ မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းက တင်ပြခဲ့ခြင်းအား မဲခွဲဆုံးဖြတ်မှုအရ အဆိုကို          မှတ်တမ်းတင်အဖြစ်သာ ထားရှိခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်ဘေးရှောင် ပြည်သူများအတွက် အလှူငွေများ လှူဒါန်း

 

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်ဘေးရှောင် ပြည်သူများ အတွက် ပြည်မြို့ရှိ ရခိုင်မိသားစုလူမှု          ကူညီရေးအဖွဲ့သို့ အလှူငွေ
( 100000/- ) ကျပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ပဲခူးပြည်ခိုင်ဖြိုးပါတီဝင်၂ဝဝ ကျော် ဒေးစွန်ပါဘုရားတောင်နံရံ ပြန်လညf ပြုပြင်မှု လုပ်အား ဒါနပေးလှူ

 

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနာယကများဖြစ်သော ဦးဝင်းတင်၊ ဦးကျင်သိန်းနှင့် ဥက္ကဋ္ဌဦး စောမော်ထွန်းဦးဆောင်သော တိုင်း၊ခရိုင်၊ မြို့နယ်ကော်မတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူး မြို့နယ် ဝမ်းဘဲအင်းကျေးရွာအနီးရှိ ဒေးစွန်ပါ ဘုရားတောင်နံရံပြို ကျမှု ပြန်လည်ပြုပြင်ခြင်းတွင် လုပ်အားဒါန သွားရောက်ပေး လှူကြသည့်အပြင် အလှူငွေကျပ် လေးသိန်းကိုလည်း လှူဒါန်းခဲ့ကြသည်။

ဒဂုံမြို့သစ် ပြည်ခိုင်ဖြိုးပါတီမှ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းဖွင့်

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ရပ် /ကျေး ပါတီဝင်များ စွမ်းရည်ပြည့်ဝ စေရန် အခြေခံအင်္ဂလိပ်စကားပြောသင်တန်း ဖွင့်ပွဲ အခမ်းအနားကို    သြဂုတ် ၂၈ ရက် နံနက် ၁ဝ နာရီတွင် မြို့နယ်ရုံးခန်းမဆောင်တွင် ကျင်းပရာ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီကော်မတီ ဝင် ဒေါ်စန်းစန်းဝင်း အမှာစကားပြောကြားခဲ့ကြောင်း သိရ သည်။

ဇော်မင်းထွန်း(ဒဂုံတောင်)

ရန်ကုန်အရှေ့ပိုင်း ပြည်ခိုင်ဖြိုးပါတီမှ ကြားဖြတ်ရွေးချယ်ပွဲ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်း၌ ယမန်နေ့ နံနက် ၁ဝနာရီတွင် လစ်လပ်သွားသောမြို့နယ်ပါတီကော်မတီဝင်သုံးဦး၏နေရာတွင်   ခြောက်ဦးအား အဆိုပြု/ထောက် ခံရွေးချယ်မှုပြုလုပ်ခဲ့သည်။

သာကေတပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးဘဝမြှင့်တင်ရေးညှိနှိုင်းဆွေးနွေး

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ နှင့် အမျိုးသမီးအဖွဲ့များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယခုလ ၂၇ရက် မွန်းလွဲ ၂နာရီက          မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွှန့်ဖေက အမျိုး သမီးဘဝမြှင့် တင်ရေးအသိပညာများ၊ နိုင်ငံရေး ပါတီ(၂ဝ)၏သဘောထားကြေညာချက်များ၊ ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို ဟော ပြောခဲ့ပြီး တက်ရောက်လာသည့် အမျိုးသမီးထုမှ သိရှိလိုသည့် အကြောင်းအရာများကို ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

လယ်ဝေးပြည်ခိုင်ဖြိုးပါတီမှ ပြန်လည်ပြင်ဆင်ရွေးချယ်ပွဲပြုလုပ်

 

ပြည်ထောင်စုနယ်မြေ(နေပြည်တော်) လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲစည်းရေး မျက်နှာစုံညီအစည်းအဝေးကို သြဂုတ်လ ၂၆ ရက်   နံနက် ၉နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟိန်းအောင်(နေပြည်တော်)


နယ်မြေတာဝန်ခံနှင့် ပြည်နယ်ပါတီကော်မတီဝင်များတွေ့ဆုံ

 

ကယားပြည်နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁နာရီမှ ၃နာရီ ၁၅မိနစ် အထိ နယ်မြေတာဝန်ခံနှင့်ပြည်နယ်ပါတီကော်မတီဝင် များတွေ့ဆုံပွဲ ကျင်းပသည်။

ပထမဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ကယားပြည်နယ် (နယ်မြေတာဝန်ခံ)ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားသည်။ဆက်လက်ပြီး ကယားပြည် နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဦးပိုးရယ်အောင်သိန်းက လမ်းညွှန်အမှာစကားပြောကြားသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီကြားဖြတ်ရွေးချယ်ပွဲကျင်းပ

 

ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ခရိုင်ပါတီကြားဖြတ် ရွေးချယ်ဖွဲ့စည်းရေးကော်မတီ အစည်းအဝေးအား ယနေ့ နံနက် ၉ နာရီခွဲတွင် မြောက်ပိုင်း ခရိုင် ပါတီရုံး၌ ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးသို့ ခရိုင်ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းေ ဒသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ခရိုင်ကြား ဖြတ်ဖွဲ့စည်းရေး ကော်မတီဝင်များ၊ ရန်ကုန်မြောက်ပိုင်းခရိုင်ပါတီကော်မတီဝင်များ၊ခရိုင်တွင်းရှစ်မြို့နယ်မှပါတီဥက္ကဋ္ဌ များနှင့် ခရိုင်ပါတီကော်မတီဝင် လောင်းများ တက်ရောက်ခဲ့သည်။

ဗန်းမော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ကြားဖြတ်ရွေးချယ်ဖွဲ့စည်း

 

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကြားဖြတ် ရွေးချယ်ဖွဲ့စည်းရေးကို ယနေ့ နံနက် ၁ဝ နာရီခွဲက သာစည်ရပ်ကွက် ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သဘာပတိဗဟိုပါတီကော်မတီဝင် ဦးသန်းအောင်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ကြားဖြတ်ရွေးချယ် ဖွဲ့စည်းရေးကော်မတီဝင်၊ခရိုင်ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေးက         ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး လုပ်ထုံးလုပ် နည်းများကို ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်ပါတီ ကော်မတီဝင်ဦးဇော်မင်းရင်က အရွေးချယ်ခံသူများ၏ အဆိုပြုအမည်စာရင်းများ တင်သွင်း ခဲ့သည်။