

ကယားပြည်နယ်၊ လွိုင်ကော်၊ နိုဝင်ဘာလ (၁၆) ရက်
၁၆-၁၁-၂၀၁၇ ရက်နေ့ နံနက်(၁၀း၃၀)နာရီ အချိန်တွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အောက်ထပ် အစည်းအဝေးခန်းမတွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ လွိုင်ကော်ခရိုင်၊ ဘောလခဲခရိုင်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖါးဆောင်းမြို့နယ်နှင့် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌများ၊ အတွင်း ရေးမှူးနှင့် ဘဏ္ဍာရေးမှူးများနှင့် တွေ့ဆုံကာ ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ပါသည်။









