

တနသာၤသာရီ ႏိုဝင္ဘာ ၈


တနသာၤသာရီ နိုဝင်ဘာ ၈


9-11-2017 ကြာသာပတေးနေ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် 9-11-2017 ရက်နေ့ ကြာသာပတေးနေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးများတွင် ကျင်းပပြုလုပ်သည့် မြို့နယ်အတွင်းရှိ ပါတီဝင်များနှင့်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပါသည်။
အခမ်းအနားသို့ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေး ၊ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဋ္ဌေးနှင့် တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ ၊ စေတုတ္တရာမြို့နယ် ပါတီဝင်များ၊ ငဖဲမြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီဥက္ကဋ္ဌကြီး၏လမ်းညွှန်ချက်များ ၊ ပါတီ၏ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များ၊ စည်းရုံးရေးလုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ပါသည်။


နေပြည်တော် နိုဝင်ဘာ ၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းသည် ယနေ့မွန်းလွဲ ၁ နာရီက အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး Mr.S.B. Joshi နှင့်အဖွဲ့ဝင် လေးဦးတို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဗဟိုအတွင်းရေးမှူးဦးတင်အောင်ချစ်၊ ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်းတို့ တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။


ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒေါန ခန်းမ၌ ယခုလ ၅ ရက်က လူငယ်တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ ဗဟိုအလုပ်အမှု ဆောင် ကရင်ပြည်နယ် တာဝန်ခံဦးသူရိန်ဇော်၊ ဗဟို အလုပ်အမှုဆောင် ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် တာဝန်ရှိ သူများတက်ရောက်ခဲ့သည်။


နေပြည်တော် နိုဝင်ဘာ ၈
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပုဗ္ဗသီရိ ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၏ တွေ့ဆုံပွဲကို ပြည်နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့က ပြုလုပ် ဆွေးနွေးခဲ့ကြပါသည်။


မကွေး နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး ပါတီကော်မတီဝင်များနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများ တွေ့ဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီး ပါတီအစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁ဝ နာရီအချိန်က ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌအပါအဝင် အင်အား ၅ဝ တက်ရောက်ခဲ့သည်။


တနသာင်္ရီ နိုဝင်ဘာ ၉


တနင်္သာရီ နိုဝင်ဘာ ၉
ကျေးရွာလုံးကျွတ် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲများသို့ တက်ရောက်ပြီး ပါတီဝင်များအား ကိုယ်တိုင်ချီးမြှင့်အားပေးလျှက်ရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များသည် ယနေ့ နိုဝင်ဘာ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ထားဝယ်မြို့နယ်၊ လိပ်ကြယ်ပြောင်ကျေးရွာ ရွာလုံးကျွတ်ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။


တနသာင်္သာရီ နိုဝင်ဘာ ၈