ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည့် ဗဟိုအတွင်းရေးမှူးခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်(ရန်ကုန်)တွင်တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။အဆိုပါ ချစ်ကြည်ရေးခရီးကို ပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်း ထွန်းခေါင်းဆောင်၍ ပြည်နယ်နှင့် တိုင်း ဒေသကြီးအသီးသီးမှ ပါတီ ဝင် စုစုပေါင်း ၂၁ ဦးလိုက်ပါမည် ဖြစ်သည်။