ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှုး၊အမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာစန်းစန်းနွယ် ကျောက်ဆည်ခရိုင်အမျိုးသမီးရေးရာကော်မတီများ၊ ပါတီဝင်အမျိုးသမီးများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊အလုပ်သမားရေးရာကော်မတီနှင့်MYANMAR SANKOU သင်တန်းကျောင်းတို့ပူးပေါင်း၍ သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)ပေါင်းစပ်ညှိနှိုင်းရေးမှူး ပါတီဗဟိုအလုပ်အမှုဆောင်ဦးအောင်သူနှင့် (၂)ခရိုင်(၆)မြို့နယ်မှပါတီတာဝန်ရှိသူများတွေ့ဆုံ

လားရှိုး အောက်တိုဘာ ၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်၊ရှမ်းပြည်နယ်မြောက်ပိုင်းပေါင်းစပ်ညှိနှိုင်းရေးမှူးဦးအောင်သူသည် ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ(၁)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးခရိုင်၊ ကျောက်မဲခရိုင်၊လားရှိုးမြို့နယ်၊တန့်ယန်းမြို့နယ်၊ကျောက်မဲမြို့နယ်၊သီပေါမြို့နယ်၊နမ္မတူမြို့နယ်နှင့်နောင်ချိုမြို့နယ် များမှ ပါတီဥက္ကဋ္ဌများအတွင်းရေးမှူးများနှင့် ပြည်နယ်ပါတီရုံး၌တွေ့ဆုံခဲ့ကြကြောင်းသတင်းရရှိပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ပေါင်းစပ်ညှိနှိုင်းရေးမှူးမှ (၁) သတ်မှတ်ပါတီဝင်အင်အား စာရင်းများ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ရုံးခွဲများသို့ အချိန်မှီ မှန်မှန်ကန်ကန်တိတိကျကျ တင်ပြနိုင်ရေး (၂) ပြည့်မဏ္ဍိုင်လူထုတွေ့ဆုံမှု့လုပ်ငန်းစဉ်နှင့်ပက်သက်သည့်အသေးစိတ်အချက်အလက်များနှင့် (Key Performance Index Check List) ပါအချက်(၁၇)ချက်မှန်မှန်ကန်ကန်ဖြည့်သွင်းနိုင်ရေး (၃) လူငယ်အင်အားအသစ်၊အမျိုးသမီးအင်အားအသစ်များ တိုးပွားရရှိအောင် ဆောင်ရွက်ရေးကိစ္စရပ်များနှင့် (Project Circle Management) ပါအချက်အလက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

ပါတီဗဟိုအလုပ်အမှုဆောင် အလုပ်သမားရေးရာတာဝန်ခံ ဦးမောင်မြင့် အလုပ်အကိုင်ရရှိရေး လျှောက်ထားသူလူငယ်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ အလုပ်သမားရေးရာကော်မတီနှင့် ဧရာဝတီတိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ချိတ်ဆက်၍​ ဧရာဝတီတိုင်း ပြည်ထောင်စုကြံခိုင်ရေးနှင်ဖွံ့ဖြို့ရေးပါတီတွင် ၃၀.၉.၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ ပြည်ခိုင်ဖြိုးသင်တန်းကျောင်း(ရေကူးကန်ဟောင်းဘေး၊ ကန်သုံးဆင့်)တွင် ဂျပန်နိုင်ငံအလုပ်အကိုင်ရရှိရေးသို့ လျှောက်ထားသူလူငယ် (၄၄၄)ဉီးကိုတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်သမားရေးရာကော်မတီတာဝန်ခံ ဉီးမောင်မြင့်၊ ဧရာဝတီတိုင်းပါတီဥက္ကဌ ဦးသိန်းထွန်း၊ ဂျပန်အလုပ်အကိုင်တာဝန်ခံ တို့မှ အလုပ်အကိုင်ရရှိရေးကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဧရာဝတီတိုင်းတွင် မြို့နယ်များမှ ဖြေဆိုစိစစ်မှုအရ ပထမအဆင့်တွင် ကျား ၁၆၂ ဦး၊ မ ၁၀၅ ဦး ပေါင်း ၂၆၇ ဦး​ အောင်မြင်ပြီး စိစစ်မှုကို ညနေ ၁၅:၃၀ တွင် ပြီးစီးကြောင်းတင်ပြအပ်ပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ပေါင်းစပ်ညှိနှိုင်းရေးမှူး ဗဟိုအလုပ်အမှုဆောင် Dr.ပွင့်ဆန်း ၊ ရှမ်း/တောင် ပြည်ခိုင်ဖြိုးပါတီ နယ်မြေတာဝန်ခံဟောင်း ဦးအောင်ထွန်း တို့မှ ရှမ်း/ တောင်အတွင်းရှိပါတီဝင်ဟာင်းများ၊ပါတီဝန်းရံသူများနှင့် တွေ့ဆုံ

တောင်ကြီး စက်တင်ဘာ ၂၉
၂၉.၉. ၂၀၂၃ရက်နေ့ (၀၉:၄၅)ချိန်မှ (၁၁:၄၅)ချိန်ထိ ရှမ်းပြည်နယ်တောင်ပိုင်း ပေါင်းစပ်ညှိနှိုင်းရေးမှူး၊ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်း၊ရှမ်း / တောင်ပြည်ခိုင်ဖြိုး ပါတီ နယ်မြေတာဝန်ခံ(ဟောင်) ဦးအောင်ထွန်း တို့သည် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ ပါတီဝင်ဟောင်းများ၊ပါတီဝန်းရံသူများ စုစုပေါင်း (၃၀)ဦးနှင့် ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ပါတီ​၏မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး လမ်းညွှန်မှာကြားပြီးတက်ရောက် လာသူများမှလည်း ပြန်လည်ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အလုပ်သမားရေးရာတာဝန်ခံ ဗဟိုအလုပ် အမှုဆောင် ရန်ကုန်တိုင်းပေါင်းစပ်ညှိနှိုင်းရေးမှူး ဦးမောင်မြင့်မင်္ဂလာဒုံခရိုင်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ ရွာကြီးဘက်ကမ်း စံပြကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

စက်တင်ဘာ ၂၈၊ ပန်းတနော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းတို့သည် ၂၈-၉-၂၀၂၃ ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ ရွာကြီးဘက်ကမ်း စံပြကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး ဒေသတွင်း ရင်ဆိုင်ကြုံတွေ့နေရသော လိုအပ်ချက်များ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ လယ်ယာမြေများနှင့် စိုက်ပျိုးရေးကဏ္ဍဖွံဖြိုးရေး စသည့်အချက်များအပါအဝင် ဒေသခံများ၏တင်ပြချက်များအား အပြန်အလှန် ရင်းနှီးနွေးထွေးစွာ ဆွေးနွေးခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း မအူပင်ခရိုင်၊ ဖျာပုံခရိုင်နှင့် မော်လမြိုင်ကျွန်းမြို့နယ်မှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ