




စက်တင်ဘာ ၁၄၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာ စာသင်ကျောင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများအား အားပေးကြည့်ရှုပြီးနောက် ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သန့်ရှင်းရေးလုပ်အားပေး ဆောင်ရွက်နေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ဦးစီးရုံးအဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။
ထို့နောက် ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိနေသည့် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၆၂ စု၊ လူဦးရေ ၂၀၀ ခန့်အား အားပေးစကားများပြောကြားခဲ့ပြီး အစားအစာနှင့် သောက်ရေသန့်ဘူးများအား ကျောင်းထိုင်ဆရာတော် ဦးဝိမလထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။









































