



နေပြည်တော် စက်တင်ဘာ ၂၃
နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ် စည်ပင်ကြီးအုပ်စု ရွာသစ်ကြီးကျေးရွာ ရေဘေးသင့်ပြည်သူများအား ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျန်းမာရေးကူညီစောင့်ရှောက်မူ့ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဇေယျာသီရိမြို့နယ် စည်ပင်ကြီးအုပ်စု ရွာသစ်ကြီးကျေးရွာတွင် အိမ်ခြေ ၄၂၀ ခန့်ရှိပြီး တစ်အုပ်စုလုံးရေဘေးဒဏ်သင့်ခဲ့ခြင်း ဖြစ်သည်။ရေဘေးကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါ၊ ကိုယ်အရေအပျားယားယံခြင်းရောဂါ၊ ဖျားနာခြင်းများ ကလေးသူငယ်များ အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါ စသည်တို့ ခံစားနေရသူများကို ပြည်ခိုင်ဖြိုးပါတီမှ ဆရာဝန်များ၊ သူနာပြုများမှ ကုသပေးခဲ့ကြောင်းသိရပြီး ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးသိန်းမြိုင် နှင့်မြို့နယ်ကော်မတီဝင်များလိုက်ပါဝန်းရံခဲ့ကြောင်း သတင်းရရှိပါသည်။

































