


နေပြည်တော် စက်တင်ဘာ ၁၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှတာဝန်ရှိသူများ၊ပြည်ထောင်စုနယ်မြေ ပါတီအလုပ်အမှုဆောင်များ၊သက်ဆိုင်ရာခရိုင်/မြို့နယ်ဥက္ကဋ္ဌများမှနေပြည်တော်၊ပြည်ထောင်စု နယ်မြေအတွင်းရှိရေဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ ထမင်းဗူးနှင့်ရေသန့်ဗူးများ သွားရောက်လှူဒါန်းခဲ့ရာ (၁၂,၉,၂၀၂၄)ရက်နေ့ညနေပိုင်းတွင်
လယ်ဝေးမြို့နယ်၊အောင်းကုန်းကျေးရွာ၊ကြာကန်ကျေးရွာနှင့် ပျံချီကျေးရွာများရှိရေဘေး ကယ်ဆယ်ရေးစခန်းအသီးသီးသို့ရောက်ရှိခိုလှုံနေရသောရေဘေးသင့်ပြည်သူများအတွက်ထမင်းဗူး (၆၀၀)ဗူးအားသွားရောက်လှူဒါန်းခဲ့ပြီး ယနေ့(၁၃.၉.၂၀၂၄)ရက်နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊အောင်ဇေယျဘုန်းကြီးကျောင်းရှိရေဘေးသင့်ပြည်သူများနှင့်စည်ပင်ကျေးရွာရှိပြည်သူများထံသို့သွားရောက်၍ ထမင်းဗူး(၁၂၃၀)ဗူးနှင့်ရေသန့်ကဒ် (၃၀)ကဒ်တို့ကို လှူဒါန်း ခဲ့ပါသည်။






































