






၁၃- ၁၀-၂၀၂၄ ရက်နေ့တွင် ရုပ်ရှင်အစည်းအရုံးမှ ကြီးမှူးကျင်းပသော ၁၀၄နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ နှင့် ၄၇ ကြိမ်မြောက်ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) ဦးပိုက်ထွေးနှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာသန့်ဇော်လွင်၊ ရန်ကုန်တိုင်းဒေသကြီးပါတီတာဝန်ရှိသူများက ပါတီကိုယ်စားပြု တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ရာတွင် ဒုတိယဝန်ကြီး(ငြိမ်း) ဦးပိုက်ထွေး ပါဝင်ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသော ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များအား ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်အားပေးခဲ့ပါသည်။ ထို့နောက် ၁၀၄နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ နှင့် ၄၇ ကြိမ်မြောက်ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် အလှူငွေကျပ်သိန်းနှစ်ဆယ်အား အခမ်းအနားကျင်းပရေးကော်မတီအဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။










































နေပြည်တော် အောက်တိုဘာ ၁
နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ် စည်ပင်ကြီးအုပ်စု၊ ညောင်ပင်ကြီးကျေးရွာ၊ညောင်ပင်ကြီး ဘုန်းတော်ကြီးကျောင်းတိုက်တွင် ရေဘေးသင့်ခံခဲ့ရသော ပြည်သူများအား ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျန်းမာရေးကူညီစောင့်ရှောက်မူ့ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရေဘေးကြောင့်ဖြစ်တတ်သော ၀မ်းပျက်ဝမ်းလျှောရောဂါ၊ ကိုယ်အရေအပျားယားယံခြင်းရောဂါ၊ ဖျားနာခြင်းများ၊ ကလေးသူငယ်များ အဖြစ်များသည့်သွေးလွန်တုပ်ကွေးရောဂါ စသည်တို့ ခံစားနေရသူများကို ပြည်ခိုင်ဖြိုးပါတီ ဆေးအဖွဲ့မှ ဆရာဝန်များ၊သူနာပြုများက ကုသပေးခဲ့ပြီး ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လိုက်ပါကူညီဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။