

ဘားအံ မေ ၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်းရေးမှူး ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ပါတီဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော် ၊ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါ်နန်းနီနီအေးတို့နှင့် အတူ ၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်နေ့ တွင် ဘားအံမြို့၌ ပြည်နယ်၊ခရိုင်၊မြို့နယ်နှင့်ရပ်ကျေးပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။
ထို့နောက်ပါတီဒုတိယဥက္ကဋ္ဌသည်အစည်းအဝေးသို့တက်ရောက်လာကြသော တိုင်း/ ခရိုင်/မြို့နယ်ပါတီများမှ တာဝန်ရှိသူများနှင့်သက်ဆိုင်ရာ နယ်မြေအလိုက် ရွေးကောက်ပွဲအောင်နိုင်ရေးနှင့်ပတ်သက်ပြီး အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အသေးစိတ် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

























