

ဩဂုတ် ၂၆၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ၏ ဖိတ်ကြားချက်အရ မော်စကိုမြို့တွင် ၂၆-၈-၂၀၂၄ ရက်နေ့မှ ၂၈-၈-၂၀၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် International Municipal BRICS Forum(2024) သို့တက်ရောက်ရန်အတွက် ယနေ့နံနက် ၀၇:၃၀ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေယာဉ်အမှတ် MAI-8M 335 လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ပါသည်။
ပါတီကိုယ်စားလှယ်အဖွဲ့တွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်ကိုကိုနှင့် အဖွဲ့ဝင်တစ်ဦးတို့ ပါဝင်ပြီး ထွက်ခွာရာသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ကော်မတီဝင်များ၊ နိုင်ငံတကာရေးရာကော်မတီမှ တာဝန်ရှိသူများက လိုက်လံပို့ဆောင်ခဲ့ကြပါသည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်