

မင်းဘူး ဩဂုတ် ၃၀
ပြည်ထောင်စု့ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး-စကုမြို့နယ် ပါတီရုံး၌မင်းဘူးခရိုင်၊ မင်းဘူး-စကုမြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာပါတီခေါင်းဆောင်များ၊ ပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူးဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းကော်မတီဝင် ဦးကျော်သူဦး၊ မင်းဘူးခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်ရွှေမင်း၊ အတွင်းရေမှူး ဦးတင်ဝင်း၊ ဘဏ္ဍာရေးမှူး ဦးကျော်ခိုင်မိုး၊ မင်းဘူး-စကုမြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာခေါင်းဆောင်များနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။
























