မယ်စဲ့မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍အမျိုးသမီးညီလာခံအကြိုတွေ့ဆုံပွဲအခမ်းအနား ကျင်းပခြင်း

 

မယ်စဲ့ – အောက်တိုဘာ ၁၆

တာလေမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်/မြို့နယ်ပါတီ ဥက္ကဌဖလားဘောလုံးပြိုင်ပွဲကျင်းပ

 

၁၅ – ၁၀ – ၂၀၁၈ ရက်နေ့၊ တာလေမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာချီလိတ်ခရိုင်/မြို့နယ်ပါတီ ဥက္ကဌ (ဖလား) လူငယ် – မောင်မယ်များ ဘောလုံးဖွင့်ပွဲနှင့်ပြိုင်ပွဲကို စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြိုင်ပွဲတွင် လူငယ်ဘောလုံးအသင်း (၁၃) သင်း၊ အမျိုးသမီးဘောလုံးအသင်း (၃)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဖွင့်ပွဲတွင် တိုင်းရင်းသူလေးများမှ တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေဧည့်ခံခဲ့ပြီး ပါတီဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း ၊ ခရိုင်/မြို့နယ်ပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ ပါတီအမျိုသမီးအဖွဲ့များ တက်ရောက်အားပေးခဲ့ကြောင်းသတင်းရရှိပါသည်။

မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီရုံး​ရှေ့၌ ပါတီ​အောင်​နိုင်​​ရေးဆိုင်းဘုတ်​တင်​မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

 

(၁၆.၁၀.၂၀၁၈) ရက်​​နေ့ နံနက် ​(၉) နာရီအချိန်​တွင်​ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီရုံး​ရှေ့၌ ပါတီ​အောင်​နိုင်​​ရေးဆိုင်းဘုတ်​တင်​မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်​ရာ တိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုးနှင့် တိုင်းပါတီ​ကော်​မတီဝင်​များ၊ တိုင်း​ပါတီအတိုင်​ပင်​ခံများ၊ မန္တ​လေးခရိုင်​ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်​ပါတီအတွင်း​ရေးမှူး ​ဒေါ်ဝါဝါလှိုင်​နှင့် ​ခရိုင်​​ကော်​မတီဝင်​များ၊ မန္တ​လေးခရိုင်​အတွင်းရှိမြို့နယ်​များမှ ဥက္ကဋ္ဌများ၊ အတွင်း​ရေးမှူးများ၊ ​ကော်​မတီဝင်​များ၊ ပါတီအမာခံများ တက်​​ရောက်​ခဲ့ကြပါသည်​။

ဗဟိုအမျိုးသမီးညီလာခံကြိုဆိုစာတမ်းဖတ်ပွဲ ဒဂုံမြို့နယ်တွင်ကျင်းပ

 

ရန်ကုန် အောက်တိုဘာ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဒဂုံမြို့နယ်၏ ဗဟိုအမျိုး သမီးညီလာခံအကြို နှီးနှောဖလှယ် ပွဲကို မြို့နယ်ပါတီရုံးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပ ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး ကူညီဆောင်ရွက်

 

မိတ္ထီလာ အောက်တိုဘာ ၁၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မွေအုပ်စု အိုမတွေ့ကျေးရွာ သို့ ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား မိတ္ထီလာမြို့မှ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် များထုတ်ပေးရေး ကူညီဆောင်ရွက်ပေးခဲ့သည်။

ဖားကန့်တွင် နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်

 

ဖားကန့် အောက်တိုဘာ ၁၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီး မှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွား သင်တန်းအမှတ်စဉ်(၄/၂ဝ၁၈)ဖွင့်ပွဲ ကို ယမန်နေ့ နံနက် ၉ နာရီက ကာမိုင်းမြို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ကျင်းပရာ သဘာပတိ ခရိုင်ပါတီကော်မတီ ဝင် နယ်မြေတာဝန်ခံ ဦးစိုင်းသိန်း ထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ပါတီအတွင်းရေးမှူးဦးထွန်း မြင့်က သင်တန်းဖွင့်လှစ်ရခြင်းရည် ရွယ်ချက်နှင့် ပို့ချပေးမည့် ဘာသာ ရပ်များကို ရှင်းလင်းပြောကြား သည်။

ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ဝါးခယ်မတွင်ကျင်းပ

 

ဝါးခယ်မ အောက်တိုဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး ဝါး ခယ်မမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအမျိုး သမီးညီလာခံအကြိုနှီးနှောဖလှယ် ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပရာ ရှေး ဦးစွာ နိုင်ငံတော်အလံအား အလေး ပြုခြင်း၊နိုင်ငံတော်သီချင်းသီဆိုခြင်း များဖြင့် ဆောင်ရွက်ခဲ့ကြသည်။

ဖြိုးစေတနာအခမဲ့ နယ်လှည့်အထွေထွေရောဂါဆေးကုသအဖွဲ့ ဓမ္မစာပန်းချီဘုန်းတော်ကြီးကျောင်းတွင် အခမဲ့ကုသမှုဆောင်ရွက်

 

ရန်ကုန် အောက်တိုဘာ ၁၅

ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့ နယ် အမှတ်(၁၅)ရပ်ကွက် ဓမ္မစာပန်းချီ ဘုန်းတော်ကြီးကျောင်းတွင် ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှဦးဆောင်၍ဖြိုးစေတနာ(အခမဲ့)နယ်လှည့် အထွေထွေရောဂါဆေးကုသရေးအဖွဲ့မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ခေါင်းဆောင် မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဘဏ္ဍာ ရေးမှူးဦးကြည်စိုး ဦးဆောင်သော ခရိုင် ကော်မတီဝင်များ၊ ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးလင်းအောင်နှင့် မြို့နယ်ကော်မတီ ဝင်များ၊အမှတ်(၁၅)ရပ်ကွက်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အထူးကုဆရာဝန်ကြီး များနှင့်ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်း ကျင်သူများပါဝင်သော ဆေးကုသရေး အဖွဲ့သည် ရွှေပြည်သာမြို့နယ် အမှတ် (၁၅)ရပ်ကွက် ဓမ္မစာပန်းချီဘုန်းတော်ကြီး ကျောင်းတွင် ကျေးရွာနေမိဘပြည်သူများ အား ယမန်နေ့နံနက် ၈ နာရီ ၄၅ မိနစ်မှ စတင်၍ အနောက်တိုင်းဆေးဝါးဖြင့် အခမဲ့ ဆေးဝါးကုသမှုပြုလုပ်ပေးခဲ့သည်။