





ယမန်နေ့ (19.2.2019) ရက်နေ့ နံနက်ပိုင်း အချိန်တွင် ကချင်ပြည်နယ် ရွှေကူမြို့နယ် မိုးစစ်ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဆိုင်ဘုတ်တင်ပွဲ အခမ်းအနား ကျေးရွာပါတီဥက္ကဌ၏ နေအိမ်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၎င်းအခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဌ ဦးဇော်မင်း နှင့် မြို့နယ် ကော်မတီဝင်များ/ အရံကော်မတီဝင်များ/ရပ်ကျေးပါတီကော် မတီ ဝင်များကျေးရွာတွင်း ပါတီဝင်းများ ပါဝင်တက်ရောက်ခဲ့ပြီ အိုးစည်ဗုံမောင်းများဖြင့် အခမ်အနားကို ဖွင့်လှစ် ခဲ့ပါသည်။
ဖေဖော်ဝါရီ(၁၉)
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ လက်ဆောင်ယူ ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာ၊ ရွှေဥယျာဉ်စာသင်တိုက်အတွင်း စာကြည့်တိုက် ဆောက်လုပ်ရန်အတွက် ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီ (၃၀) မိနစ်က အဆိုပါကျေးရွာရှိ စာကြည့်တိုက် ဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်ခဲ့သည်။
ဗန်းမောက်မြို့နယ်၊ ဖေဖော်ဝါရီ ၂၀
ယနေ့ မနက် ၉ နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ မံထုံအုပ်စု၊ မဲတောကျေးရွာ၊ ရွှေမျိုးဆက်သစ်ခန်းမတွင် ပြုလုပ်ကျင်းပသည့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ခဲ့ချီးမြှင့်ခဲ့သည်။
မိုးညှင်း၊ ဖေဖော်ဝါရီ ၁၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ယနေ့နေ့လည် ၃ နာရီ အချိန်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးရွှေမဉ္ဇူရေလယ်ဘုရားကြီးအားသွားရောက်ဖူးမျှော်ကြည်ညိုခဲ့ပြီး အင်းတော်ကြီးဒေသ သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။
အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆိုပြီး ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး ညောင်ပင်ကျောင်းဆရာတော် ဘဒ္ဒန္တဂုဏဝရထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဆရာတော်အရှင်သူမြတ်များအား သာသနာရေးဆိုင်ရာများနှင့် ဝမ်းမြောက်စကား ပြန်လည်လျှောက်ထားခဲ့သည်။
မိုးညှင်းမြို့နယ်၊ ဖေဖော်ဝါရီ ၁၈
ယနေ့ ညနေ ၄ နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ဟဲပုကျးရွာ ဘောလုံးကွင်းတွင် ပြုလုပ်ကျင်းပသည့် အင်းတော်ကြီးဒေသရှိ ကျေးရွာများမှ ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ချီးမြှင့်ခဲ့သည်။
ရန်ကုန် ဖေဖေါ်ဝါရီ ၁၈
ပဲခူး ဖေဖော်ဝါရီ ၁၈
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ယမန်နေ့ နံနက်ပိုင်း က ပဲခူးတိုင်းဒေသကြီး (အနောက် ပိုင်း) ပြည်ခရိုင်နှင့် သာယာဝတီ ခရိုင်တို့မှ ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။
မန္တလေး ဖေဖော်ဝါရီ ၁၈
မန္တလေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူးသော မြန်မာ့ ရိုးရာထမနဲထိုးပြိုင်ပွဲအား ယမန်နေ့ မွန်းလွဲ ၃နာရီမှ ညနေ ၄ နာရီခွဲအထိ တိုင်းဒေသ ကြီးပါတီရုံးရှေ့၌ ကျင်းပခဲ့သည်။
နေပြည်တော် ဖေဖော်ဝါရီ ၁၈
ပြည်ခိုင်ဖြိုးပါတီပြည်ထောင်စု နယ်မြေပါတီရုံး၌ ယမန်နေ့ နံနက် ၁ဝ နာရီက ပြည်ထောင်စုနယ်မြေနှင့် မြို့နယ်ရှစ်မြို့နယ်မှ ပြည်သူ့ ဆက်ဆံရေးကဏ္ဍတာဝန်ခံများ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြု လုပ်ခဲ့သည်။