ကသာတွင် ကျေးရွာအုပ်စုပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင် ပါတီဝင်များနှင့်တွေ့ဆုံ

 

ဝက်လက် ဒီဇင်ဘာ ၁၆

ကသာမြို့နယ် ဘွက်ကျေးရွာအုပ်စု ဦးဇော်ဝင်းနေအိမ်၌ ယနေ့နံနက် ၉နာရီတွင် အင်အား ၃၄ ဦးဖြင့်လည်းကောင်း၊ယမန်နေ့ နံနက် ၁၁နာရီတွင် ကူးကာကျေးရွာအုပ်စု ဦးမြဦး နေအိမ်၌ အင်အား ၄၃ ဦးဖြင့်လည်း ကောင်း၊ ကျေးရွာအုပ်စုပြည်ခိုင်ဖြိုးပါတီရုံး ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်တွေ့ဆုံပွဲ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်ကော်မတီ ဝင် (ကသာခရိုင်တာဝန်ခံ) ဦးအောင်ကိုစံ၊ ကသာခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်း အောင်ဝင်း၊ ကသာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူးဦးစိန်ထွန်းနှင့် အလုပ် အမှုဆောင်ကော်မတီဝင်များ၊ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ကြသည်။

မကွေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဓမ္မစကူးလ်သင်တန်းသားများအား အာဟာရဒါနကုသိုလ်ပြုကျွေးမွေး

 

မကွေး ဒီဇင်ဘာ ၁၆

မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်သည် မြို့နယ်ပါတီအတွင်းရေးမှူးဦးတင်မျိုးဇော်၊ မြို့နယ်ပါတီအမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်စုစုနောင်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များလိုက် ပါလျက် ယမန်နေ့ နံနက်၁ဝ နာရီတွင် ကံသာကြီးကျေးရွာ အေးကျောင်း တိုက်သို့သွားရောက်၍ အေးပရဟိတဆရာတော်အား ဖူးမြော်ခဲ့ပြီး ဆန်တစ်အိတ်လှူဒါန်းခြင်း၊ အဆိုပါကျောင်းတိုက်တွင်ဖွင့်လှစ်လျက်ရှိ သော ဓမ္မစကူးလ်သင်တန်းမှ သင်တန်းသားသင်တန်းသူ ၉ဝခန့်အား အာဟာရဒါနအဖြစ် ကြာဆံဟင်းခါး ကုသိုလ်ပြုကျွေးမွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စဥ့်ကိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမိသားစု သက်ကြီးပူဇော်ပွဲကျင်းပ

 

စဥ့်ကိုင် ဒီဇင်ဘာ ၁၆

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ကသဲစု ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း ကသဲစုကျေးရွာ၊ ဝါးရင်းဒုတ်ကျေးရွာရှိ သက်ကြီးဘိုးဘွားများအား ယမန်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် သက်ကြီးပူဇော်ပွဲ ကျင်းပခဲ့ရာ တိုင်းပါတီကော်မတီဝင် ဒေါ် သိင်္ဂီအောင်၊ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင် နွယ်မြင့်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးထွန်းနိုင်နှင့်ကော်မတီဝင်များ၊ ရပ်ကျေး ပါတီဥက္ကဋ္ဌ ဦးတင်နုနှင့်အဖွဲ့များ၊ ကျေး ရွာသူကျေးရွာသားများ စုစုပေါင်း အင်အား ၁ဝဝ ကျော် တက်ရောက်ပြီး လှူဒါန်းပူဇော် ခဲ့သည်။

၂၀၁၈ခုနှစ် ဘောလခဲမြို့နယ် လူငယ်ချစ်ကြည်ရေးဘော်လုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားသွားရောက်အားပေး

 

ယမန်နေ့(၁၆-၁၂-၂၀၁၈)ရက်နေ့ ညနေ (၃း၅၀)နာရီမှ (၆း၀၀ )နာရီအချိန်အထိ ကယားပြည်နယ် ဘောလခဲ မြို့နယ် လူငယ်ချစ်ကြည်ရေးဘော်လုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားအား ဘောလခဲ မြို့နယ်ဘော်လုံးကွင်းတွင် ကျင်းပပြုလုပ်ကာ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ယာယီ အတွင်းရေးမှူးဦးကျော်မြင့် ကယားပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေ ဘောလခဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များဖြစ်ကြသည့် ဦးစိုးရယ်နှင့် ဦးအေးရွှေ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် (ဘောလခဲမြို့နယ်တာဝန်ခံ) ဒေါ်ဗျားမြာမောင် ပြည်နယ်ကော်မတီဝင်ဦးရဲဝင်း ဘောလခဲခရိုင်ပါတီ အတွင်းရေးမှူး ဦးချစ်ဦးမောင်နှင့် ခရိုင်ကော်မတီဝင် များ ဘောလခဲမြို့နယ် အတွင်းရေးမှူး ဦးဟန်ထူးနှင့် မြို့နယ်ကော်မတီဝင်များ အလှူရှင်များ ဖိတ်ကြားထားသောဧည့်သည်တော်များ ဘောလခဲမြို့နယ်အားကစား ဝါတနာရှင်များ အသီးသီး တက်ရောက် အားပေးချီးမြှင့်ခဲ့ ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂ဝ၁၈)သို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် ဒီဇင်ဘာ ၁၄

ပြည်​ကြီးတံခွန်​မြို့နယ်​က ရပ်​ကွက်​ ပြည်​ခိုင်​ဖြိုးပါတီရုံး ဆိုင်းဘုတ်တင် အခမ်းအနား

 

ယနေ့ ၁၄.၁၂ .၂၀၁၈ ရက်နေ့ မင်္ဂလာအချိန် နံနက် ၉ နာရီအချိန် တွင် က ရပ်​ကွက် ပြည်ခိုင်ဖြိုးပါတီရုံးဆိုင်းဘုတ်တင်ခြင်း နှင့်​ ပါတီအလံသစ်တင်ခြင်းအခမ်းအနားများပြုလုပ်​ခဲ့ကြပါသည်။.

အထက်​ပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီ မန္တလေးခရိုင် တွဲဘက်နယ်မြေတာဝန်ခံ ဦးအောင်နိုင်ဦး၊ခရိုင်​ကော်​မတီဝင်​ ဦးဝင်းလှိုင်​ငြိမ်း မြို့နယ်ပါတီ ဥက္ကဌဦးစိုးအေး၊ အတွင်းရေးမှူး ဦးအောင်မျိုးခိုင် ဘဏ္ဏာ​ရေးမှူး ဦးစံရ နှင့် မြို့နယ်ကော်မတီများ၊ ရပ်ကွက်ပါတီ ဥက္ကဌများ နှင့် ပါတီဝင်များ၊ရပ်မိရပ်ဖများ စုစုပေါင်းအင်အား(၃၀)ဦး တို့တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဂျပန်နိုင်ငံအစိုးရအဖွဲ့၏ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေးသည် ဂျပန်နိုင်ငံအစိုးရအဖွဲ့၏ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA နှင့်အဖွဲ့အား ယနေ့ နေ့လည် ၁ နာရီတွင် နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ယခင်ကာလတည်းက တည်ဆောက်ထားသည့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေး၊ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်သွားရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းလက်တွဲဆောင်ရွက်ရေး ကိစ္စများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

စာရေးတံမဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စဥ့်ကိုင်ပြည်ခိုင်ဖြိးပါတီ မိသားစု လှူဒါန်းပူဇော်

 

ယနေ့ (၁၄.၁၂.၂၀၁၈) ရက်နေ့ စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ဥယျဉ်ကြီးကျေးရွာ ကုန်းကြီးကျေးရွာရှိေ ရွှဆပ်သွားဘုရား စာရေးတံမဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား နံနက်( ၈း၃၀ ) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းပါတီကော်မတီဝင် ဒေါ်သိဂီ င်္အောင်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့ နယ်ပါတီအတွင်းရေးမှူး ဦးထွန်းနိုင်နှင့် ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့ များမှ စုပေါင်း၍ ပင့်သံဃာ (၃၄) ပါးတို အား ဆန် ဆီဆား ခေါက်ဆွဲခြောက်၊ ကြာဇံခြောက်နှင့် ဆပ်ပြာခဲများ လှူဒါန်းခဲ့ပါသည်။
စာရေးတံမဲပေါက်သော အုန်းလက္ကောက် ကျောင်းဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှဝေခဲ့ပါသည်။

ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင် ရပ်ကျေးပါတီဝင်များအား တွေ့ဆုံဆွေးနွေး

 

ကနီ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် ကျော်ရွာ အုပ်စု ဇီးဖြူကုန်းကျေးရွာ မြို့နယ် ကော်မတီဝင်ဦးစန်းမြင့်အောင် နေ အိမ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ် တင်ပွဲအခမ်းအနားနှင့်ပါတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။

ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပရာတွင် ကနီမြို့နယ်ပါတီ နာယကဦးရှိန်၊ပါတီဥက္ကဋ္ဌဦးကျန်ထွန်း နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌတို့က အမွှေး နံ့သာရည်များဖြင့်ပက်ဖျန်းပြီး ဖွင့် လှစ်ခဲ့သည်။

ဘိုးဘွားရိပ်သာနိဗ္ဗာန်ဈေးအတွက် ပြည်ခိုင်ဖြိုးပါတီငွေလှူဒါန်း

 

မအူပင် ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် မြို့ရှောင် လမ်းရှိ မအူပင်ဘိုးဘွားရိပ်သာကြီး ၏ ဆဋ္ဌမအကြိမ် နှစ်ပတ်လည် အထိမ်းအမှတ် ကုသိုလ်တော်ပွဲကို ယခုလ ၁၅ရက်မှ ၁၇ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်သည်။