ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်မှ ပါတီအပေါ် ထောက်ခံဝန်းရံအားပေးသူများ၊ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ နှင့်တွေ့ဆုံ
မြိတ် အောက်တိုဘာ ၁၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းနှင့် ဗဟို အတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးတို့သည် အောက်တိုဘာလ (၁၉) ရက်နေ့၊ နေ့လည်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ပါတီအပေါ် ထောက်ခံဝန်းရံအားပေးသူများ၊ဒေသအကျိုးလိုလားသည့်စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ မြိတ်မြို့၌ နေ့လည်စာ အတူတကွသုံးဆောင်၍ ဒေသအကျိုးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အခြားလိုအပ်သည်များ ရင်းနှီးပွင့်လင်းစွာအပြန်အလှန် တွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဥက္ကဌနှင့် ဗဟိုအတွင်းရေးမှူးတို့သည် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီ ဥက္ကဌများနှင့်အတူ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊စီးပွားရေးအခြေအနေများ ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ပြန်လည်သုံးသပ်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မိမိတို့ပါတီသည် ပြည်သူထဲမှ ပေါက်ဖွားလာကြသူများဖြစ်ပြီး ပြည်သူများနှင့်ဖွဲ့စည်းထားသည့် ပါတီဖြစ်၍ နိုင်ငံ့အရေး၊ ပြည်သူ့အရေး၊ ဒေသအရေးကို အစဉ်ရှေ့ရှူ့၍ ဆောင်ရွက်သည့် အစဉ်အလာရှိသည်နှင့်အညီ ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်မှပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံပွဲတွင် ပါတီဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းပြောကြား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်မှ ပါတီအပေါ် ထောက်ခံဝန်းရံအားပေးသူများ၊ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ နှင့်တွေ့ဆုံ
ထားဝယ် အောက်တိုဘာ ၁၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းနှင့် ဗဟို အတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးတို့သည် အောက်တိုဘာလ (၁၈) ရက်နေ့၊ မနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ်ရှိ ပါတီအပေါ် ထောက်ခံဝန်းရံအားပေးသူများ၊ဒေသခံစီးပွားရေးလုပ်ငန်းရှင်များနှင့် ထားဝယ်မြို့၌ တွေ့ဆုံ၍ တက်ရောက်လာကြသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာအပြန်အလှန် တွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအတွင်းရေးမှူးတို့သည် တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီ ဥက္ကဋ္ဌများနှင့်အတူ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ရှေ့ဆက်ဆောင်ရွက် ရမည့်ကိစ္စရပ်များအား ပြန်လည်သုံးသပ်ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။
အမှန်သိမှ အသိမှန်၊ အတွေးမှန်၊ ဆုံးဖြတ်မှန်၊အလုပ်မှန်ပြီး ပန်းတိုင်ရောက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်မှပါတီတာဝန်ရှိသူများနှင့်တွေ့ဆဲုံပွဲတွင် ပါတီဒုတိယ ဥက္ကဋ္ဌဦးမျိုးဇော်သိန်းပြောကြား
တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှ ပြင်ဦးလွင်မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီဝင်အင်အား စီစစ်ပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး
တတိယအကြိမ်မြောက် ဒဂုံမြို့သစ်ခရိုင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ဦးဆောင်ကာ ရေဘေးသင့်ပြည်သူများအား ရေသန့်ဗူးများ၊ ခေါက်ဆွဲခြောက်ထုတ်များ၊ ငါးသေတ္တာဗူးများနှင့်ဆန် သွားရောက်လှူဒါန်း
ဒဂုံမြိုသစ် အောက်တိုဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဒေါ်စမ်းစမ်းဌေးနှင့် ခရိုင်ကော်မတီဝင်များ ဦးဆောင်ကာ ဒဂုံမြိုသစ်(အ ရှေ့ပိုင်း)မြိုနယ်ရှိ အမှတ် ၁၅၆၊ ၁၅၇ ရပ်ကွက်နှင့် ဒဂုံမြိုသစ်(တောင်ပိုင်း)မြိုနယ်ရှိ လေးထောင့်ကန်ရပ်ကွက်မှ ရေဘေးသင့်ပြည်သူများထံသို ယနေ့ ၁၇ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် သွားရောက်ကာ ရေသန့်ဗူးများ၊ ခေါက်ဆွဲခြောက်ထုတ်များ၊ ငါးသေတ္တာဗူးများနှင့် ဆန်တိုကို သွားရောက်လှူဒါန်းခဲ့ကြသည်။
အမရပူရခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ခရိုင်/မြို့နယ်/ရပ်ကျေး ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိင်း အစည်းအဝေးပြုလုပ်
အမရပူရ အောက်တိုဘာ ၁၇
၁၇.၁၀.၂၀၂၃ ရက်နေ့ ၀၉:၀၀မှ ၁၀:၃၀ အချိန်ထိ အမရပူရခရိုင်/မြိုနယ်ပါတီရုံးတွင် ခရိုင်/မြိုနယ်/ရပ်ကျေး ပါတီလုပ်ငန်းညှိနှိင်း အစည်းအဝေး ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိင်းအစည်းအဝေးသို အမရပူရခရိုင်/မြိုနယ်ပါတီဥက္ကဌ ဒေါ်စောမြိုင်၊ခရိုင်ပါတီ အတွင်းရေးမှူး ဦးဇော်အောင်ထက်၊အမရပူရမြိုနယ်ပါတီအတွင်းရေးမှူး ဦးအောင်ခိုင်စိုးနှင့်မြိုနယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးဥက္ကဌများ ၃၅ဦးခန့်တက်ရောက်ခဲ့ကြပါသည်။အစည်းအဝေးတွင် မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲမှ ပုံစံ(ဇ) စစ်ဆေးပြီးစီးမှုအခြေအနေများ၊စည်းရုံးရေးဆိုင်ရာကိစ္စရပ်များ၊ပြည့်မဏ္ဍိုင်ကွင်းဆင်းရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။
==========================
===================
ရေဘေးသင့် ပြည်သူများအား ဆန် လှူဒါန်း
ဒဂုံမြို့သစ် အောက်တိုဘာ ၁၆
ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦမြင့်ခိုင် စစ်ပင်အောပ်ရွာရေးဘေးသင့်ပြည်သူများအား စစ်ပင်ရွာရပ်မိရပ်ဘဦးကြည်မင်းတိုနှင့်အတူ
အိမ်ထောင်စု၁၅၀ကျော်အား အိမ်ထောင်စုတစုလျှင် ဆန်၂ပြည်ဆီ၁ဘူးရေသန့်များလှူဒါန်းခဲ့ပါသည်။
ဒုတိယအကြိမ်မြောက် ဒဂုံမြို့သစ်ခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ဦးဆောင်ကာ ရေဘေးသင့်ပြည်သူများအား ရေသန့်ဗူးများ၊ ထမင်းဗူးများနှင့် ခေါက်ဆွဲခြောက်ထုတ်များ သွားရောက်လှူဒါန်း
ဒဂုံမြိုသစ် အောက်တိုဘာလ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဌ ဒေါ်စမ်းစမ်းဌေးနှင့် ခရိုင်ကော်မတီဝင်များ ဦးဆောင်ကာ ဒဂုံမြိုသစ်(အ ရှေ့ပိုင်း)မြိုနယ်ရှိ အမှတ် ၁၅၅ ရပ်ကွက်မှ ရေဘေးသင့်ပြည်သူများထံသို ယနေ့ ၁၆ ရက်နေ့ နေ့လည် ၃ နာရီဝန်းကျင်ခန့်တွင် သွားရောက်ကာ ရေဘေးသင့်ပြည်သူများအား ရေသန့်ဗူးများ၊ ထမင်းဗူးများနှင့် အသင့်စား ခေါက်ဆွဲခြောက်ထုတ်များ သွားရောက်လှူဒါန်းခဲ့ကြသည်။