နတ်မောက် မတ် ၎
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၌ ယမန်နေ့ နံနက် ၉ နာရီတွင်လည်းကောင်း၊ နတ်မောက်မြို့နယ်၌ မွန်းလွဲ ၁ နာရီတွင်လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ သိကောင်းစရာတွေ့ဆုံဆွေးနွေးပွဲများကျင်းပခဲ့ကြောင်းသိရသည်။အခမ်းအနားများကို နိုင်ငံတော် အလံအလေးပြုပြီးနိုင်ငံတော်သီချင်းသီဆိုကာဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်မကွေး တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဒေါက်တာမောင်မောင်ဌေးက ပါတီရှေ့လုပ်ငန်းစဉ်များရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် မကွေးတိုင်းဒေသကြီးပါတီ ကော် မတီဝင်ဦးစောဝင်းမောင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာသိကောင်းစရာများအသေး စိတ် ရှင်းလင်းပြောကြားခဲ့သည်။




