မတ်လ ၁၀
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူများ၏ ကျန်းမာရေးအထောက်အကူပြု လုပ်ငန်းအဖြစ် ရန်ကုန်အမျိုးသား သွေးလှူဌာနတွင် စဉ်ဆက်မပြတ်သွေးလှူဒါန်းခဲ့ကြရာ ယမန်နေ့ နံနက်(၁၀)နာရီက(၅၇)ကြိမ်မြောက်အဖြစ် သွေးလှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သွေးလှူဒါန်းပွဲသို့ ပါတီဗဟိုအတွင်းရေးမှူး ဒါက်တာစန်းစန်းနွယ် ရန်ကုန်တိုင်းပါတီ အတွင်းရေးမှူး ဒေါက်တာကျော်စိုး ပါတီဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း၊ဒေါ်သင်းသင်းမိုး၊အမျိုးသားသွေးလှုဌာန ဒုညွှန်ကြားရေးမှုးချူ ပ် ဒေါက်တာသီတာအောင်နှင့် တိုင်းခရိုင်ပါတီကော်မတီဝင်များ မြောက်ပိုင်းခရိုင်ရှိမြို့နယ် ပါတီကော်မတီဝင်များ သွေးလှူဒါန်းမည့် ပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်ကြသည်။
