မတ်လ ၁၂
ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ် တွေ့ဆုံပွဲအခမ်းအနားအား ယမန်နေ့ (၁၂-၃-၂၀၁၉) ရက်နေ့ နံနက် (၉) နာရီမှ (၁၁) နာရီအထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင် ဒေါ်ဖြူဖြူကျော်၊ မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးအုပ်စုများမှ ပါတီဥက္ကဌများနှင့် ကော်မတီဝင်များ၊ သီဟသွေးလူငယ်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။



