ချောင်းဦး မတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီဆိုင်းဘုတ်တင်ပွဲနှင့် (၂ဝဝ၈)ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက် သည့် စကားဝိုင်းကို ဘူတာကျေးရွာအုပ်စု ပဲပြစ်တောကျေးရွာတွင် ယမန်နေ့ နံနက် ၁၁ နာရီက ဦးညွန့်ဝေနေအိမ်၌ကျင်းပခဲ့သည်။
ပါတီဆိုင်းဘုတ်ကိုအမွှေးနံ့သာပက်ဖျန်း ၍ဖွင့်လှစ်ခဲ့ကာ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြပြီး မုံရွာခရိုင်ပါတီဥက္ကဋ္ဌဦးအောင် တိုးက (၂ဝဝ၈)ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကြောင်း သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးခဲ့သည်။



