ရန်ကုန် မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီးတောင် ပိုင်းခရိုင် သန်လျင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ယမန်နေ့ မွန်းလွဲ ၁နာရီက တောင်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ်များမှ လူငယ်နှင့်အမျိုးသမီးထုများ တွေ့ဆုံ ပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန် မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီးတောင် ပိုင်းခရိုင် သန်လျင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ယမန်နေ့ မွန်းလွဲ ၁နာရီက တောင်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ်များမှ လူငယ်နှင့်အမျိုးသမီးထုများ တွေ့ဆုံ ပွဲကျင်းပခဲ့ကြောင်း သိရသည်။
ကနီ မတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီးယင်းမာပင်ခရိုင်ကနီမြို့နယ်လာပို့ကျေးရွာ အုပ်စု ကသတ်ကျေးရွာရပ်/ကျေးပါတီဥက္ကဋ္ဌနေအိမ်၌ ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝနာရီက ကျင်းပခဲ့သည်။
ယင်းအခမ်းအနားကို ကနီမြို့နယ်ပါတီနာယက ဦးရှိန်၊ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ နယ်မြေတာဝန်ခံပါတီကော်မတီဝင်များ၊ ရပ်မိရပ်ဖ များ၊ ပါတီဝင်များတက်ရောက်ခဲ့ကြပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပြီး ဆိုင်းဘုတ်တင်ပွဲခမ်းအနား ကျင်းပခဲ့သည်။
ရန်ကုန် မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီးတောင် ဒဂုံမြို့နယ်(၆၅)ရပ်ကွက် မင်း ကွန်းကျောင်းပရိယတ္တိစာသင်တိုက် တွင် နှစ်စဉ်ရင်သွေးငယ်များ အတွက်ဖွင့်လှစ်သင်ကြားပေးသော ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင် တန်းတက်ရောက်နေကြသော ကလေးငယ်များအားတစ်နေ့တာ အာဟာရဒါနအလှူရှင်အဖြစ် ဒဂုံ တောင်ပြည်ခိုင်ဖြိုးပါတီနာယက ဒေါက်တာခင်မောင်ထွန်းနှင့်ဇနီး ဒေါ်ဥမ္မာသန်း၊သမီးဖြစ်သူမအိနြေ္ဒ ကြည်ဖြူမင်း(ထက်လင်းနှင့်ရွှေ ခေါင်းပေါင်း)မိသားစုတို့နှင့်ဒဂုံ တောင်ပြည်ခိုင်ဖြိုးပါတီတို့မှ အချို ရည်ဘူးများဖြင့် ကလေးငယ် ၅၅ဝအတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ဒဂုံတောင်ပြည်ခိုင်ဖြိုး ပါတီမြို့နယ်ဥက္ကဋ္ဌဒေါ်စမ်းစမ်းဌေး နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ၆၅ရပ်ကွက် နယ်မြေတာဝန်ခံ ဦးပေါ်ကြာ၊ ရပ်ကျေးဥက္ကဋ္ဌနှင့် မြို့နယ် လူငယ်ထုအဖွဲ့ဝင်များက သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ပင်လည်ဘူး မတ် ၁၄
စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် ကဘာကျေးရွာအုပ်စု ဆားကျင်း ကျေးရွာ ဦးချစ်ဝင်းနေအိမ်၌ ယမန်နေ့ နံနက် ၉ နာရီက ပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနားပြုလုပ်ရာ ပြည် ခိုင်ဖြိုးပါတီဆိုင်းဘုတ်သစ်အား အောင်သပြေအမွှေးနံ့သာများဖြင့် ပက်ဖျန်းပြီး ပါတီဆိုင်းဘုတ်တင် ခြင်းအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော် မတ် ၁၄
နေပြည်တော် တပ်ကုန်းမြို့နယ် ပြည် ခိုင်ဖြိုးပါတီရုံး၌ ယမန်နေ့ နံနက် ၁ဝ နာရီ မှ မွန်းတည့် ၁၂ နာရီအထိ မြို့နယ်ကော် မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
မတ် ၁၄ သထုံ
သထုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု့ ဆင့်ပွားသင်တန်း အမှတ်စဉ် (၁) အား ယနေ့ နံက် ၀၉း၀၀ အချိန်မြို့နယ်ပါတီရုံး ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
မတ်လ ၁၃
ယမန်နေ့ညနေ (၅း၁၅)နာရီအချိန် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့် အဖွဲ့သည် နန်းမယ်ခုံမြို့ မြို့မကယန်းရပ်ကွက် ကယောခန်းမ ဆောင်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များ ရပ်မိရပ်ဖ များနှင့်တွေ့ဆုံပြီး စုစုပေါင်း အင်အား (၅၀) တက်ရောက်ကြောင်း သိရှိရသည်။
မိုးကောင်း။ မတ်လ ၁၃
ကချင်ပြည်နယ် မိုးကောင်းမြို့ အရှေ့ရပ်ကွက်ပြည်ခိုင်မြို့ပါတီ စည်းရုံးရေးမှူးဥက္ကဌ ဦးခင်မောင်ဝင်း နေအိမ်တွင် ယမန်နေ့ နေလည် ၁နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ်ပါတီဥက္ကဌ ဦးထွန်းထွန်းအောင်မြို့နယ်ကော်မတီဝင် ဦးစိုးနွယ် ဦးထွန်းဝေ မြို့နယ်၊ စည်းရုံးရေးတာဝန်ခံ ဦးမြင်င့်စိုး၊ မြို့နယ်အရန်ကော်မတီဝင်ဦးငွေရှိန်း တို့သည် အရှေ့ရပ်ကွက် စည်းရုံးရေးမှူးဥက္ကဌ ဦးခင်မောင်ဝင်းနှင့်ကော်မတီဝင်များနှင့် လက်ဖက်ရေကြမ်း စကားဝိုင်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အင်းတော် မတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ် ပုန်းဟုန်ကျေးရွာအုပ်စုနှင့် စီးမော် ကျေးရွာအုပ်စုတို့တွင် ရပ်ကျေးပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီကစတင်ပြုလုပ်ခဲ့သည်။
ရှေးဦးစွာရပ်ကျေးပါတီဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းဖွင့်လှစ် ခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး အလုပ် အမှုဆောင်ကော်မတီဝင် ကသာခရိုင် တာဝန်ခံ ဦးအောင်ကိုစံ၊ ကသာခရိုင်ပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ဝင်း၊ အတွင်းရေးမှူး ဦးမင်းဇော်မြင့်၊ မြို့နယ်အလုပ်အမှုဆောင် ကော်မတီဝင်ဦးမိုးဆွေဦး၊ မြို့နယ်အရန် ကော်မတီဝင်ဦးညွန့်လှိုင်တို့ကတက်ရောက် လာကြသောပါတီဝင်များအားရေနွေးကြမ်း စကားဝိုင်းဖြင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေး နွေးခဲ့ကြသည်။
မတ်လ ၁၃
မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင် ကျေးရွာ ရန်ကင်းတောင်ခြေရှိ ဝေနေယျမနောသုခကျောင်းတိုက် တွင် ယမန်နေ့ နံနက်ကပြုလုပ်သော (ရန်ကင်းမြေ)ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနား သို့ မြို့နယ်ပါတီမှ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်(နယ်မြေမှူး)နှင့် အဖွဲ့ ဝင်များ၊ ရန်ကင်းတောင်ကျေးရွာ ပါတီဥက္ကဋ္ဌဦးအေးမောင်နှင့် ကော် မတီဝင်များ တက်ရောက်ခဲ့သည်။