

သာစည် မေ ၁၁
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊မန္တလေးတိုင်းဒေသကြီးပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးကျော်စန်း၊ဦးမျိုးမြင့်၊မိတ္ထီလာခရိုင်ပါတီကော်မတီဝင် ဦးလွင်မျိုးထွန်း၊သာစည်မြို့နယ်ပါတီဥက္ကဌ ဒေါ်ကြူကြူမော်နှင့်ကော်မတီဝင်များသည် G-12 စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ကျောင်းသား/သူများအား သင်ခန်းစာများ သင်ကြားပေးနေသော သာစည်မြို့နယ်၊ဟံဇားကျေးရွာရှိ ဟံဇားအထကစာသင် ကျောင်းသို့ သွားရောက်ကာ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းမှ G-12 စာမေးပွဲ ပြန် လည်ဖြေဆိုမည့် Camp ဝင်ရောက်နေသော ကျောင်းသား/သူများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပါသည်။






















