ထီးချိုင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေပျံကျေးရွာတောင်သူများနှင့်ဆွေးနွေးပွဲကျင်းပ

 

ထီးချိုင့် ဇန်နဝါရီ ၁၆

ထီးချိုင့်မြို့နယ် ရေပျံကျေးရွာ ၌ ပြည်ခိုင်ဖြိုးပါတီက မြို့နယ်တာ ဝန်ခံဦးစိုးစိုးနှင့် မြို့နယ်အမှုဆောင် များဦးဆောင်ပြီး ရေပျံကျေးရွာ ဦးခင်အောင်နေအိမ်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ၌ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ပြည်နယ်ပါတီအတွင်းရေးမှူး ဗန်းမော်မြို့နယ် ပါတီကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးတက်ရောက်အားပေး

 

ဗန်းမော် ဇန်နဝါရီ ၁၆

ကချင်ပြည်နယ် ဗန်းမော်မြို့ နယ် ပါတီကြားဖြတ်ရွေးချယ်ဖွဲ့ စည်းရေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပါတီရုံး၌ ကျင်းပ ခဲ့ရာ ပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူးဦးစိုးသိန်း၊ပြည်နယ် ပါတီကော်မတီဝင်ဦးဝင်းမောင်သိန်း၊ ခရိုင်ပါတီဥက္ကဋ္ဌဦးသန်းဇော်လေး၊ အတွင်းရေးမှူးဒေါ်ဝိုင်း၊ မြို့နယ် ပါတီနာယကများ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးသက်ဝင်း၊အတွင်းရေးမှူး ဦးစောမိုးကျော်နှင့်ပါတီကော်မတီ ဝင်များ၊ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များစုစုပေါင်း ၇၅ ဦး တက်ရောက်ခဲ့ကြသည်။

သီပေါတွင် သုံးလပတ်လုပ်ငန်းအစည်းအဝေးအတွေ့အကြုံရှ

 

သီပေါ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)ပြည်ခိုင်ဖြိုးပါတီ၏ ၂ဝ၁၈စတုတ္ထသုံးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အတွေ့အကြုံနှင့်ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက သီပေါမြို့နယ်ပါတီရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဥက္ကဋ္ဌဦးအာင်အောင်က ပြည် နယ်စတုတ္ထသုံးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၏အတွေ့အကြုံနှင့်ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း ရာ ခရိုင်ကော်မတီဝင်နှင့် မြို့နယ်ကော်မတီဝင်များ က ရေးရာနှင့်တာဝန်ကျနယ်မြေအလိုက် ပြန်လည် ဆွေးနွေးခဲ့ကြပြီး မွန်းလွဲ ၁၂ နာရီခွဲတွင် အစည်း အဝေးပြီးမြောက်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်ပါတီဆိုင်းဘုတ်တင်ပွဲနှင့်ရပ်ကျေးဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲပြွန်တန်ဆာမြို့၌ကျင်းပ

 

ညောင်လေးပင် ဇန်နဝါရီ ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီရပ်ကွက်ပါတီဆိုင်းဘုတ် တင်ပွဲနှင့်ရပ်ကျေးဥက္ကဋ္ဌ တာဝန် ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉နာရီခွဲက ပဲခူးတိုင်းဒေသကြီး ညောင်လေး ပင်မြို့နယ် ပြွန်တန်ဆာမြို့ မြို့မ(၂) ရပ်ကွက်၌ကျင်းပခဲ့သည်။

ရှေးဦးစွာ ညောင်လေးပင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးကျော်ဌေးက အဖွင့်အမှာစကားနှင့်ပါတီရုံးဖွင့်လှစ် ရခြင်းရည်ရွယ်ချက်နှင့်ရှေ့လုပ်ငန်း စဉ်များကိုရှင်းလင်းပြောကြားပြီး ရပ်ကျေးဥက္ကဋ္ဌခန့်အပ်လွှာအား ပေးအပ်ခဲ့သည်။

စလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များ အချုပ်သားများအားမုန့်ဟင်းခါးဖြင့်ဒါနပြု

 

စလင်း ဇန်နဝါရီ ၁၆

မကွေးတိုင်းဒေသကြီး စလင်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များသည် ယမန် နေ့ကမြို့နယ်ပါတီရုံးအစည်းအဝေး ခန်းမတွင်လစ်လပ်လျက်ရှိသည့်ပါတီ အရန်ကော်မတီဝင်များကိုပြန်လည် ရွေးချယ်ကြကြောင်း သိရသည်။

ထို့နောက် စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီကော်မတီဝင် ဦးဝင်းခိုင် နှင့်ပါတီဝင် အမျိုးသမီးများ ပါဝင် ၍ စလင်းမြို့ မြို့မရဲစခန်းသို့သွား ရောက်၍ အချုပ်ကျအကျဉ်းသား အကျဉ်းသူများအား မုန့်ဟင်း ခါးဖြင့်ကျွေးမွေးဒါနပြုခဲ့ကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူများသို့ ဆန်နှင့်ဆီများဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

 

ရန်ကုန် ဇန်နဝါရီ ၁၆

အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ယမန်နေ့ နံနက် ၈နာရီ တွင် ပြည်သူများကုန်ဈေးနှုန်း သက်သာစွာဖြင့် ဆန်၊ ဆီများကို ဝယ်ယူစားသုံးနိုင်ရေးအတွက် အင်းစိန်မြို့နယ် ရွာမအနောက်ရပ် ကွက် မြို့ပတ်လမ်းရှိ နယ်မြေ(၆) ၌ လူတစ်ဦးလျှင်ဆန်တစ်ပြည်၊ ဆီ တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ သည်။ ၁၃ဝဝကျပ်တန် မနောသုခ ဆန်တစ်ပြည်လျှင် ကျပ်၁ဝဝဝနှုန်း နှင့် ဆီတစ်ပိဿာလျှင်ကျပ်၁၅ဝဝ နှုန်းဖြင့်မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုးသန်းနှင့် ပါတီကော်မတီဝင် များက သွားရောက်ရောင်းချခဲ့ ကြောင်း သိရသည်။

မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မအူပင် ဇန်နဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏မြို့နယ်ပါတီကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝနာရီ၌ မအူပင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးဝဏ္ဏမောင်လွင် အာရှယဉ်ကျေးမှုဆိုင်ရာကောင်စီထူထောင်ခြင်းအခမ်းအနားသို့တက်ရောက်

 

ရန်ကုန် ဇန်နဝါရီ ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင် လွင်သည် ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ယံရိဗ် မြို့တွင် ယမန်နေ့ဒေသစံတော်ချိန် ညနေ ၆ နာရီကကျင်းပခဲ့သော အာရှယဉ်ကျေးမှု ဆိုင်ရာကောင်စီ ဖွဲ့စည်းထူထောင်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဘုတလင်မြို့နယ်တွင် ကျေးရွာပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

ဘုတလင် ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်ဘုတလင် မြို့နယ် ခိုချောင်းကျေးရွာအုပ်စု အောင်ဆန်း မြင့်ကျေးရွာ ဦးမိုးမြင့်၏နေအိမ်ခြံဝင်းအတွင်း ၌ ယမန်နေ့နံနက် ၈ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မုံရွာခရိုင် ပါတီ ကော်မတီဝင် ဦးစိန်ဝင်းလှိုင်၊ ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်း ရေးမှူး ဦးသက်နိုင်ဦးနှင့် မြို့နယ်ကော်မတီဝင် များနှင့် ကျေးရွာပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာဒေသခံများနှင့်တွေ့ဆုံ ရေနွေးကြမ်းစကားဝိုင်းဖွဲ့ဆွေးနွေး

 

မဘိမ်း ဇန်နဝါရီ ၁၆

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဇော်လွင်၊ အတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးခင်မောင်ရွှေ၊ ဦးကံရွှေ၊ ဦးသန်းမြတ် စိုး၊ ခရိုင်ပါတီ ကော်မတီဝင် ဦးတိုးမြင့် အောင်၊ ကျေးရွာပါတီဥက္ကဋ္ဌ ဦးထွန်းခိုင် တို့သည် ယမန်နေ့က လဝါကျေးရွာတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး ရေနွေးကြမ်းစကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။