တာချီလိတ် ပြည်ခိုင်ဖြိုးပါတီမှ ကျန်းမာရေးကူညီမှု့များဆောင်ရွက်ပေး

 

ယမန်နေ့ (၂၃-၁-၂၀၁၉ ) ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင် ပါတီဥက္ကဌ ဦးဘိုစံ ခရိုင်/မြို့နယ် ပါတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ပါတီအမျိုးသမီးအဖွဲ့များသည် မိုင်းကိုးအုပ်စု၊ဟွေတာ(၂)ကျေးရွာပါတီအမျိုးသမီးခေါင်းဆောင် မဘူးဘို မှအကူအညီတောင်းခံထားသည့် မွေးလူနာ မဘူးချာအား နေအိမ်မှ သွားရောက် ခေါ်ဆို ခဲ့သည်။

ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ လူမှုရေးအဖွဲ့အစည်းများတွေ့ဆုံ ကျေးရွာဖွံ့ဖြိုးရေးအတွက် အလှူငွေပေးအပ်

 

ကျောက်ဆည် ဇန်နဝါရီ ၂၃

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးစိုးစိုးထွန်းသည် ပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင် များလိုက်ပါလျက် ယမန်နေ့ မွန်းလွဲ ၁နာရီက ငါးအိုးကျေးရွာပါတီ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊လူမှုရေး အဖွဲ့အစည်းများ၊ ဒေသခံရွာမိရွာဖ များတွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးရေး အတွက်အလှူငွေပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီက ပြည်သူများသို့ ဆန်နှင့်ဆီများ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

 

ရန်ကုန် ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင်လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ဦးဆောင်၍ ယမန်နေ့ နံနက်၇နာရီမှစ၍ အလယ်ကျေးရွာ မြေတိုင်း(၂၂)တွင် ဆန်နှင့်ဆီ များကို အထူးလျှော့ဈေးနှုန်းဖြင့် ပြည်သူများသို့ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

နမ့်ပုံးပုံးရပ်ကွက် အလက(ခွဲ)ကျောင်း ပညာရေးစုံညီပွဲတော်သို့ မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီတက်ရောက် မိတ္တူကူးစက်လှူဒါန်း

 

မဘိမ်း ဇန်နဝါရီ ၂၃

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဇော်လွင်၊ အတွင်း ရေးမှူးဦးတင်ဝယ်၊ မြို့နယ်ပါတီ ကော်မတီဝင်ဦးခင်မောင်ရွှေ၊ ခရိုင် ပါတီကော်မတီဝင်ဦးတိုးမြင့်အောင် တို့သည် ယမန်နေ့က နမ့်ပုံးပုံးရပ် ကွက် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)၏ ပညာရေးစုံညီပွဲ တော်သို့တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တာဝန်ရှိ သူများက အသီးသီးအမှာစကား ပြောကြားခဲ့ပြီး ထူးချွန်ဆုရကျောင်း သား ကျောင်းသူများအား ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။

ဘကပညာရေး မူလွန်ကျောင်းပညာရည်ချွန်ဆုပေးပွဲသို့ ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီတက်ရောက်

 

ပန်းတနော် ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ကဿ ဝင်ကျေးရွာအုပ်စု ကျက်ကျွန်းကျေးရွာရှိ ကျောင်းအုပ်ဆရာတော် ဦးဥတ္တမသာရ (နယ်လှည့်ဓမ္မကထိက အေးဝင်္ကဘာကျောင်းဆရာ တော်)ဖွင့်လှစ်သော သာသနာ့အလင်းရောင်ဘုန်းတော်ကြီးသင်ပညာ ရေးမူလွန်ကျောင်း၏၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ပညာရည် ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁နာရီက အဆိုပါ ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းမာပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ကနီ ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပခဲ့သည်။

ယင်းအစည်းအဝေးသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသောင်းဟန်၊ အတွင်း ရေးမှူးဦးမြင့်စိုး၊ခရိုင်ပါတီကော်မတီဝင်များ၊ လေးမြို့နယ်မှ ပါတီဥက္ကဋ္ဌ များနှင့် ခရိုင်ဦးစီးရုံးအဖွဲ့များတက်ရောက်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များဆွေး နွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်ဥက္ကဋ္ဌများက မိမိတို့မြို့နယ်အခြေ အနေများကို တင်ပြဆွေးနွေးကာ အစည်းအဝေးကိုမွန်းလွဲ ၃ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။

ကောလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကြို့ပင်ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင်

 

ကောလင်း ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ကြို့ပင်အုပ်စု ကြို့ပင်ကျေးရွာနေ ပြည်ခိုင်ဖြိုး ရပ်/ကျေးပါတီဥက္ကဋ္ဌ ဦးထိန်ဝင်းနေအိမ်၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့သည်။

ယင်းဆိုင်းဘုတ်တင်ပွဲသို့ ကောလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင် သန်းဦး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ဦးရီ(ဆည်မြောင်းညွှန်မှူး၊ ငြိမ်း)၊ ရပ်မိရပ်ဖ များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ စုစုပေါင်းအင်အား ၃ဝ ကျော် တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး ဒက္ခိဏသီရိမြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

နေပြည်တော် ဇန်နဝါရီ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေး နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁ဝ နာရီက ဒက္ခိဏသီရိမြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး က ပါတီလုပ်ငန်းများကို စည်းကမ်းတကျဆောင်ရွက်ကြစေ လိုကြောင်း၊ မိမိတို့၏ ရပ်ကွက်/ကျေးရွာများတွင် ဒေသခံ ပြည်သူများနှင့် အမြဲထိတွေ့ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပါတီအတွက်ယုံကြည်မှုဖြင့် စိတ်ရင်းစေတနာကောင်းနှင့် ပါတီတာဝန်များကို ဆောင်ရွက်ပေးကြသဖြင့် လေးစားပါ ကြောင်းပြောကြားခဲ့ပြီး ဒက္ခိဏသီရိမြို့နယ် ပါတီကော်မတီ ဝင်များက ¤င်းတို့၏ပါတီတာဝန်များနှင့် ဆောင်ရွက်နေမှုများ ကို ပါတီဥက္ကဋ္ဌထံ တင်ပြဆွေးနွေးခဲ့ကြရာ ပါတီဥက္ကဋ္ဌက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌတရုတ်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးသံမှူးကို လက်ခံတွေ့ဆုံ

 

ရန်ကုန် ဇန်နဝါရီ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးဆိုင်ရာဖောင်ဒေးရှင်း (China Foundation for Peace and Development) မှ သံမှူး Mr. Wang Hua ကို ယမန်နေ့ ညနေ ၄ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(ရန်ကုန်)သံလွင်လမ်းတွင် လက်ခံတွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ဒဂုံ​မြောက်​ပိုင်းပြည်​ခိုင်​ဖြိုးပါတီ အမျိုးသမီး​ထု​တွေ့ဆုံပွဲကျင်းပ

 

ရန်​ကုန်​ ဇန်​န၀ါရီ ၂၃

ရန်​ကုန်​တိုင်း​ဒေသကြီး ၊ဒဂုံမြို့သစ်​​မြောက်​ပိုင်းမြို့နယ်​၊ပြည်​​ထောာင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ဗဟို​ကော်​မတီဝင်​ ရန်​ကုန်​တိုင်း​ဒေသကြီးအမျိုးသမီး​ရေးရာတာဝန်​ခံ​ဒေါ်စန်းစန်းဝင်းနှင့်​ အမျိုးသမီးပါတီ​ကော်​မတီဝင်​များ​တွေ့ဆုံပွဲကို ယ​နေ့နံနက်​ ၁၀ နာရီ အချိန်​က ဒဂုံ​မြောက်​ပိုင်းမြို့နယ်​ရှိ မြို့နယ်​ပါတီရုံးတွင်​ ကျင်းပပြုလုပ်​ခဲ့ပါသည်​။
ဗဟို​ကော်​မတီဝင်​ ရန်​ကုန်​တိုင်း​ဒေသကြီးအမျိုးသမီး​ရေးရာတာဝန်​ခံ​ဒေါ်စန်းစန်းဝင်းမှ နှုတ်​ခွန်းဆက်​ အမှာစကား​ပြောကြားပြီး ရန်​ကုန်​အ​ရှေ့ပိုင်းခရိုင်​အမျိုးသမီး​ရေးရာတာဝန်​ခံ​ဒေါ်လဲ့လဲ့​အေးမှ ဗဟိုအမျိုးသမီးညီလာခံအ​တွေ့အကြုံများအားရှင်းလင်း​ပြောကြားခဲ့ပြီး၊ဒဂုံ​မြောက်​ပိုင်းအမျိုးသမီး​ရေးရာတာဝန်​ခံ​ဒေါ်ဝင်းဝင်း​အောင်​မှ ​ရှေ့ဆက်​မည့်​လုပ်​ငန်းစဉ်​အား​ပြောကြားခဲ့ပြီး တက်​​ရောက်​လာကြသူရပ်​ကွက်​ပါတီဥက္ကဌများမှ ပြန်​လည်​​ဆွေး​နွေးခဲ့ကြပြီး မြို့်​နယ်​ပါတီဥက္ကဌဦးခင်​​မောင်​​ဇော်​မှ နိဂုံးချုပ်​အမှာစကား​ပြောကြားခဲ့ပြီး အမှတ်​တရဓာတ်​ပုံများအားစု​ပေါင်းရိုက်​ကူးခဲ့ပြီးအခမ်းအနားအား ​နေ့လည်​၁၂နာရီ တွင်​ရုတ်​သိမ်းခဲ့​ကြောင်း သိရှိရပါသည်​။