ရန်ကုန် ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ် အမှတ် (၅၄)ရပ်ကွက်ရှိ သဇင်လမ်းအပိုင်း (၉)မိသားစုမှဦးစီးသောဗုဒ္ဓပူဇနိယ ပွဲ၊ (၂၇)ကြိမ်မြောက် နှစ်ကျိပ်ရှစ် ဆူ ယာယီစံကျောင်းတော်အတွက် ရန်ကုန်တိုင်းဒေသကြီးပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နာယက ဒေါက်တာခင်မောင်ထွန်း (ထက်လင်းနှင့် ရွှေခေါင်းပေါင်း) တိုင်းရင်းဆေး ထုတ်လုပ်ရေး မိသားစုမှ ယမန်နေ့ နံနက်ပိုင်းတွင် နှစ်ကျိပ်ရှစ်ဆူမဏ္ဍပ်အတွက် ငွေ ကျပ် ၂၅ သိန်း လှူဒါန်းခဲ့သည်။