ပုလဲ ဖေဖော်ဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်း ရေးမှူးဦးမြင့်စိုးသည် ပုလဲမြို့နယ် ပိတောက်ကုန်း(မ)ကျေးရွာအုပ်စု၊ ပိတောက်ကုန်းကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ လှူဖွယ်ပစ္စည်းများဆက်ကပ်ခြင်း၊ ဦးစောဖေနေအိမ်၌ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားနှင့်ပါတီဝင်များအား ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။