မတ် ၈၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီတွင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်
မတ် ၆၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် တတိယအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီတက်ရောက်ချီးမြှင့်
မတ် ၁၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နိုင်ငံရေးပါတီများမှ မိတ်ဆွေများနှင့်တွေ့ဆုံ
ဖေဖော်ဝါရီ ၂၆၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပါတီဉက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် Russia United Party မှ ဦးစီးကျင်းပသည့် “For the Freedom of Nations Forum” သို့ တက်ရောက်
မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ
(၂၃.၂.၂၀၂၄)ရက်နေ့ နံနက်(၈)နာရီအချိန်တွင် ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးဝန်းအတွင်း၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊တိုင်းဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်၊ အမရပူရခရိုင်တို့မှ ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများနှင့်ကော်မတီဝင်များ၊ အဆိုပါခရိုင်များအတွင်းရှိ(၇)မြို့နယ်မှ ပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်များ၊ အမှတ်ပေးဒိုင်လူကြီးများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှအဖွင့်အမှာစကားပြောကြားပြီး ဒိုင်လူကြီး(၁)ဦးမှအမှတ်ပေးစည်းမျဉ်းများ ရှင်းလင်းပြောကြားခဲ့ပါသည်။
၎င်းနောက် ဒိုင်ချုပ်နှင့်ဒိုင်အဖွဲ့ဝင်များမှ မြို့နယ်များအလိုက်ခင်းကျင်းပြင်ဆင်ထားမှုများအား လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြပြီး မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအား စတင်ကျင်းပခဲ့ကြပါသည်။
ပြိုင်ပွဲအပြီးတွင် ဆုရရှိသောမြို့နယ်များအား တိုင်းဒေသကြီးပါတီဥက္ကဌနှင့်တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ “For the Freedom Of Nations Forum” သို့တက်ရောက်ရန် ရုရှားနိုင်ငံသို့ထွက်ခွာ
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပါတီရုံးများအားပြည်ခိုင်ဖြိုးပါတီဒုတိယ ဥက္ကဋ္ဌဦးလှထွန်းလိုက်လံကြည့်ရှု့စစ်ဆေး
မန္တလေး ဖေဖော်ဝါရီ ၆
ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ ပုဗ္ဗသီရိမြို့နယ်၊တပင်ရွှေထီးရပ်ကွက်ရှိ မရှိနွမ်းပါးပြည်သူများနှင့်မသန်စွမ်းများအား ဆန်အိတ်များထောက်ပံ့
နေပြည်တော် ဖေဖော်ဝါရီ ၆
ပြည်ခိုင်ဖြိုးပါတီ ပါတီဌာနချုပ်မှနေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊တပင်ရွှေထီးရပ်ကွက်ရှိ မရှိနွမ်းပါး(၂၇၃)ဦးနှင့်မသန်စွမ်း(၁၃၅)ဦး စုစုပေါင်း (၄၀၈)ဦးအား ဆန်(၆)ပြည်အိတ် (၄၀၈)အိတ် ထောက်ပံ့ပေးခဲ့ပါသည်။
ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှလှူဒါန်းသော ဆန်အိတ် (၄၀၈)အိတ်အား ဌာနချုပ်ကိုယ်စား ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီ နာယကများ၊ ခေတ္တဥက္ကဋ္ဌဦးလှဆွေနှင့်ကော်မတီဝင်များမှ ပုဗ္ဗသီရိမြို့နယ်၊တပင်ရွှေထီးရပ်ကွက်ရှိ ဝေနေယျသုခဓမ္မာရုံတွင်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထောက်ပံ့လှူဒါန်းမှုစုစုပေါင်းတန်ဖိုးငွေမှာ ကျပ်သိန်း(၁၂၀) ဖြစ်ကြောင်းသိရှိရပါသည်။