မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဝင်ကတ်ပြား ပေးအပ်ပွဲ ကျင်းပ

 

တနင်္သာရီ ဖေဖော်ဝါရီ ၂၄

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဝင် ကတ်ပြား ပေးအပ်ပွဲအခမ်းအနား ကို ယမန်နေ့ မွန်းလွဲပိုင်းက မြိတ် မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု ပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးနည်းပြသင်တန်းဖွင့်လှစ်ပါတီမှ တာဝန်ရှိသူများ လာရောက်ပို့ချ

 

ရန်ကုန် ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေး နည်းပြသင်တန်းအမှတ်စဉ် (၁) သင်တန်းကို ယမန်နေ့ နံနက်မှ ယနေ့ ၂၅ ရက် ညနေ ၄ နာရီအထိ ဖွင့်လှစ် ပို့ချလျက်ရှိကြောင်း သိရ သည်။

(၇၂)မြောက် မွန်အမျိုးသားနေ့သို့ပေးပို့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၏ သဝဏ်လွှာ


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့အတွင်းရှိ ဇလုံတောင်သာသနာပြုဆရာတော်ကြီးအား သွားရောက်ဖူးမျှော်၍ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်း

 

ဗန်းမောက်၊ ဖေဖော်ဝါရီ ၁၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ယနေ့ နေ့လည် ၃ နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့အတွင်းရှိ သမိုင်းဝင် ဂေါဒေါပလ္လင် ဇလုံတောင်တော် ဣစ္ဆာသယချမ်းသာကြီးဘုရားတွင် သီတင်းသုံးနေတော်မူသော ပဓာနနာယက ဘဒ္ဒန္တဝိဇယ ဇလုံတောင်သာသနာပြုဆရာတော်ကြီးအား သွားရောက်ဖူးမျှော်ခဲ့ကြသည်။

ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနေပြည်တော်ခရိုင်နှင့် မြို့နယ်ရှစ်မြို့နယ် အစည်းအဝေးတက်ရောက်

 

နေပြည်တော် ဖေဖော်ဝါရီ ၁၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ် မြေရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီက ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ခရိုင်နှင့် မြို့နယ်ရှစ်မြို့နယ်တို့ လစဉ်ပုံမှန် စုံညီအစည်းအဝေးသို့ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင် တက်ရောက်ခဲ့သည်။

စလင်းပြည်ခိုင်ဖြိုး မြို့နယ်ကော်မတီဝင်များ ကျေးလက်ပြည်သူများနှင့် တွေ့ဆုံ စကားဝိုင်းပြုလုပ်

 

စလင်း ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး စလင်း မြို့နယ် မကျီးပင်ပုကျေးရွာအုပ်စု မကျီးပင်ပုကျေးရွာတွင် ယမန်နေ့ က စလင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ မြို့နယ်ကော်မတီဝင်များ သည် ကျေးရွာများသို့သွားရောက် ကာ ပါတီအောင်နိုင်ရေးနှင့် ပါတီ ၏မူဝါဒများကို ရှင်းလင်းဆွေးနွေး သည်။

မိုးမိတ်မြို့နယ်၌ ဒုတိယအကြိမ် စုပေါင်းထမနဲထိုးပြိုင်ပွဲကျင်းပ

 

မိုးမိတ် ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် (ဒုတိယ) အကြိမ်မြောက် စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက ဆုတောင်းပြည့်ဘုရားဝင်း၌ကျင်းပရာ အသင်းပေါင်း ၁၄ သင်းပါဝင် ဆင်နွှဲကြသည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကိုကျင်းပခဲ့သည်။

အဆိုပါ ထမနဲထိုး ပြိုင်ပွဲတွင် မိုးမိတ်မြို့ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်ခင်မြင့်ဌေးနှင့် မြို့နယ် ကော်မတီဝင်များ၊ ပါတီဝင်များနှင့်ပူးပေါင်း၍ တစ်သင်းဝင်ရောက်ယှဉ် ပြိုင်ခဲ့သည်။

ရမည်းသင်းခရိုင်လူငယ်ရေးရာကော်မတီနှင့် မန္တလေးတိုင်းဒေသကြီးလူငယ်လှုပ်ရှားမှုအဖွဲ့တို့ပူးပေါင်း၍ ထမနဲထိုးပြိုင်ပွဲကျင်းပ

 

ရမည်းသင်း ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီးရမည်း သင်းခရိုင် လူငယ်ရေးရာကော်မတီ နှင့် မန္တလေးတိုင်းဒေသကြီးလူငယ် လှုပ်ရှားမှုအဖွဲ့တို့ ပူးပေါင်းကျင်းပ သည့် ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီတွင် ခရိုင်ရုံးခန်းမ ၌ စည်ကားသိုက်မြိုက်စွာကျင်းပ ခဲ့ကြောင်း သိရသည်။

(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့သို့ပေးပို့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၏ သဝဏ်လွှာ


ကချင်ပြည်နယ် ရွှေကူမြို့နယ် မိုးစစ်ကျေးရွာအုပ်စုပြည်ခိုင်ဖြိုးပါတီဆိုင်ဘုတ်တင်ပွဲအခမ်းအနား ကျင်းပ

 

ယမန်နေ့ (19.2.2019) ရက်နေ့ နံနက်ပိုင်း အချိန်တွင် ကချင်ပြည်နယ် ရွှေကူမြို့နယ် မိုးစစ်ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဆိုင်ဘုတ်တင်ပွဲ အခမ်းအနား ကျေးရွာပါတီဥက္ကဌ၏ နေအိမ်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၎င်းအခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဌ ဦးဇော်မင်း နှင့် မြို့နယ် ကော်မတီဝင်များ/ အရံကော်မတီဝင်များ/ရပ်ကျေးပါတီကော် မတီ ဝင်များကျေးရွာတွင်း ပါတီဝင်းများ ပါဝင်တက်ရောက်ခဲ့ပြီ အိုးစည်ဗုံမောင်းများဖြင့် အခမ်အနားကို ဖွင့်လှစ် ခဲ့ပါသည်။