မြို့သစ် ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး မြို့ သစ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေး မွမ်းမံသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပါတီအစည်းအဝေး ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
မြို့သစ် ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး မြို့ သစ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေး မွမ်းမံသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပါတီအစည်းအဝေး ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
မိတ္ထီလာ ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့နယ် တပျော်အုပ်စု လက်ပံအိုင့် ကျေးရွာ ပြည်ခိုင်ဖြိုးပါတီရပ်ကျေး ဥက္ကဋ္ဌ ဦးကျော်ဌေး၏ နေအိမ်ရှေ့ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် စိုက် ထူကျင်းပခဲ့သည်။
မအူပင် ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီးမအူပင် ခရိုင် မအူပင်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသည့် မြို့နယ်ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲမှ စတင်၍ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အား မာန်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရ သည်။
မြစ်သား ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့ ရှမ်းပွဲရပ်ကွက် ပါတီကော်မတီဝင် ဦးသောင်းမြင့်၏ နေအိမ်ခြံဝင်း အတွင်း၌ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၂နာရီ၁၅မိနစ်က ပါတီဆိုင်းဘုတ် ကို ပါတီဥက္ကဋ္ဌဦးအောင်ကြည်က အောင်သပြေနှင့် အမွှေးနံ့သာများ ပက်ဖျန်းကာ ကျင်းပခဲ့သည်။
ရန်ကုန် ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီတိုင်းပါတီကော်မတီဝင် ဦးအောင်ကျော်မင်း၊ သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဥက္ကဋ္ဌ ဒေါ်ခင်မြတ်စုနှင့်ကော်မတီဝင်များ ပါဝင်သောအဖွဲ့သည် ယမန်နေ့ နံနက် ၁၁နာရီက ဆယ်ရွာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် ၍ ဖေဖော်ဝါရီ ၁၈ရက်က နေအိမ် များမီးလောင်ခံရသော မီးဘေးသင့် အိမ်ထောင်စုလေးစု လူဦးရေ ၁၄ ဦးတို့အား တိုင်းဒေသကြီးပြည်ခိုင် ဖြိုးပါတီမှထောက်ပံ့ပေးအပ်သော ငွေကျပ်၁ဝသိန်းကို ကျေးရွာမီး ဘေးသင့်သူများကူညီကယ်ဆယ် ရေးအဖွဲ့ထံပေးအပ်လှူဒါန်းခဲ့ပြီး မီးဘေးသင့်မိသားစုများအား အား ပေးစကားပြောကြားခဲ့ကြောင်းသိရ သည်။
ဂန့်ဂေါ၊ ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယနေ့နံနက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာသိကောင်းစရာ ရှင်း
လင်းဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး တက်ရောက်၍ ဆွေးနွေးပြောကြားခဲ့သည်။
မန္တလေး ဖေဖော်ဝါရီ ၂၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ မန္တလေးတိုင်းဒေသကြီး သတင်း ထုတ်ပြန်ရေးအဖွဲ့အား မန္တလေးမြို့ခံ သတင်းမီဒီယာများနှင့် မိတ်ဆက်တွေ့ဆုံ သည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီ မှ ၂ နာရီခွဲအထိ တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရန်ကုန် ဖေဖော်ဝါရီ ၂၇
စဥ့်ကိုင် ဖေဖော်ဝါရီ ၂၇
စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမိသားစုမှ ညောင်ပင်ကြီးကျေးရွာတွင် ယမန်နေ့ နံနက် ၈နာရီက ကျင်းပသည့် ဆုတောင်းပြည့် မြတ်စွာဘုရားပွဲ စာရေးတံမဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပင့်သံဃာအပါး၆ဝနှင့် သီလရှင်အပါး ၂ဝ တို့အားကျေးရွာပြည်သူများနှင့်အတူစုပေါင်း၍ ဆန်၊အချိုရည်နှင့် ခေါက်ဆွဲခြောက်များလှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းပွဲသို့ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သိင်္ဂီ အောင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးကြည်ပြုံးနှင့်ကော်မတီဝင်များ၊ ရပ်ကျေး အဖွဲ့များနှင့်ပါတီဝင်မိသားစုများတက်ရောက်လှူဒါန်းခဲ့ကာလှူဒါန်းမှု အစုစုအတွက် ရေစက်ချအမျှပေးဝေခဲ့ကြောင်း သိရသည်။
ပဲခူး ဖေဖော်ဝါရီ ၂၇ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ကော်မတီဝင်ဒေါ်စန်းစန်းလွင် ဦးဆောင်သောပါတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ဘုရားကလေးကျေး ရွာအနီးရှိ အမှတ်(၇)ခြေမြန်တပ်ရင်းမှ အောင်ပွဲရရှေ့တန်းပြန်တပ်မတော် သားများအား ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တပ်မိသားစုဝင် များနှင့်အတူ အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုကြသည်။
ထို့အတူ ပဲခူးမြို့ရှိ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်မှ အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများကိုလည်း ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပြည်သူများနှင့် တပ်မိသားစုဝင်များက ဂုဏ်ပြုကြိုဆို ကြကြောင်း သိရသည်။