ဒီးမော့ဆို – မေ ၂၀
ဒီးမော့ဆို – မေ ၂၀
လေးမျက်နှာ မေ ၁၉
ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်၏ နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် လှူဒါန်းသော ကဆုန်လပြည့်နေ့ (မြို့ဟောင်းဒေသ)နှင့် ကဆုန်လပြည့်ကျော် ၁ ရက် (မြို့သစ်ဒေသ) ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲသို့ တိုင်းဒေသကြီးပါတီကော် မတီဝင် မြို့နယ်ပါတီနာယက ဦးကျော်ဝင်းနိုင်၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ပါတီကော်မတီ ဝင်များ၊ ဝန်ထမ်းများစုပေါင်း၍ မြို့နယ်ပါတီရုံးရှေ့တွင် ဆွမ်းဆန် တော်နှင့် အချိုရည်၊ ရေသန့်ဘူး များအား ယမန်နေ့နံနက် ၇နာရီက လောင်းလှူခဲ့ကြသည်။
စလင်း မေ ၁၉
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီအတွင်းရေးမှူး ခေါင်းဆောင်သော မြို့နယ်ပါတီ ကော်မတီဝင်များသည် ကျေးလက်ပါတီဝင်များနှင့် ပြည်သူများကို တွေ့ဆုံရန် ယမန်နေ့ နံနက် ၁ဝ နာရီခွဲက မြို့နယ်ပါတီရုံးမှ ဆိုင်ကယ်များ စီးနင်းကာ ထွက်ခွာခဲ့ကြသည်။
ဝမ်းတွင်း မေ ၁၉
ဝမ်းတွင်းမြို့နယ် ရွဲသီးကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်မင်္ဂလာ အခမ်းအနားနှင့် ရေနွေးကြမ်း စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ ခရိုင်ပါတီကော်မတီဝင် ဦးမြဌေး၊ ဝမ်းတွင်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်သိန်း၊ အတွင်းရေးမှူး ဦးမောင်မောင်ချို၊ ပါတီကော်မတီဝင် ဦးအောင်တင့်၊ ဦးစိုးဦးနှင့် ရုံးအဖွဲ့ဝင်များ၊ ဒေသခံပါတီဝင်များ စုစုပေါင်းအင်အား ၅ဝ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ကနီ မေ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကနီမြို့နယ် ကနဲကျေးရွာသို့ သွားရောက်ပြီး ကျန်းမာရေးအတွက် ဆေးရုံသို့ ဆေးကုသမူ ခံယူရန်သွားရောက်မည့် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးအောင်တိုးဆွေ၏ ဇနီးအား သွားရောက်၍ အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
ဖျာပုံ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီ သင်တန်းကျောင်း ဇဗ္ဗူတလူခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီတွင် အမျိုးသမီးရေးရာ တွေ့ဆုံပွဲနှင့် စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
မေ ၁၉၊ ကံမ
* အမှန်နဲ့အမှား အနိုင်နဲ့အရှုံး ဆိုတာရှိပါတယ်။
* ဒီနေ့ဖြစ်နေတာက အမှန်တွေလုပ်နေပေမဲ့ အရှုံးနဲ့ ရင်ဆိုင်ရသလို အမှားတွေ လုပ်နေပေမဲ့လည်း အနိုင်ရနေ ကြပါတယ်။
* ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးစီးပွား အတွက်ဆိုရင် လုပ်သင့်လုပ်ထိုက် တာတွေကို ဥပဒေနဲ့အညီ ရဲရဲဝံ့ဝံ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နေပြည်တော်၊ မေ ၂၀
ရန်ကုန်တောင်ပိုင်းခရိုင် တောင်သူလယ်သမားအသင်းမှ ကြီးမှူးးကျင်းပသည့် တောင်သူလယ်သမား တွေ့ဆုံပွဲကို ယနေ့ မေလ ၂၀ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ် သူဌေးကွင်းစံပြကျေးရွာတွင် ကျင်းပပြုလုပ်ရာ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သည်။