မုံရွာ မေ ၂၇
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းသည် မုံရွာမြို့နယ် ရပ်ကျေးပါတီဝင်များနှင့် မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ပါတီလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့်အတူ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်ယဉ်မာဝင်း၊ မုံရွာခရိုင် အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးအောင်တိုးတို့လည်း တက်ရောက် ဆွေးနွေး ခဲ့ကြသည်။
