ဖျာပုံ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီ သင်တန်းကျောင်း ဇဗ္ဗူတလူခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီတွင် အမျိုးသမီးရေးရာ တွေ့ဆုံပွဲနှင့် စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ဖျာပုံ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီ သင်တန်းကျောင်း ဇဗ္ဗူတလူခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီတွင် အမျိုးသမီးရေးရာ တွေ့ဆုံပွဲနှင့် စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
မေ ၁၉၊ ကံမ
* အမှန်နဲ့အမှား အနိုင်နဲ့အရှုံး ဆိုတာရှိပါတယ်။
* ဒီနေ့ဖြစ်နေတာက အမှန်တွေလုပ်နေပေမဲ့ အရှုံးနဲ့ ရင်ဆိုင်ရသလို အမှားတွေ လုပ်နေပေမဲ့လည်း အနိုင်ရနေ ကြပါတယ်။
* ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးစီးပွား အတွက်ဆိုရင် လုပ်သင့်လုပ်ထိုက် တာတွေကို ဥပဒေနဲ့အညီ ရဲရဲဝံ့ဝံ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နေပြည်တော်၊ မေ ၂၀
ရန်ကုန်တောင်ပိုင်းခရိုင် တောင်သူလယ်သမားအသင်းမှ ကြီးမှူးးကျင်းပသည့် တောင်သူလယ်သမား တွေ့ဆုံပွဲကို ယနေ့ မေလ ၂၀ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ် သူဌေးကွင်းစံပြကျေးရွာတွင် ကျင်းပပြုလုပ်ရာ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သည်။
ဟင်္သာတ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွှေးလုံးကျေးရွာ ပါတီ ဆိုင်းဘုတ်တင်ပွဲကို မွှေးလုံးကျေးရွာအုပ်စု ကျေးရွာဥက္ကဋ္ဌ ဦးတင်ဝင်း၏ နေအိမ်တွင် ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့ရာ ပါတီဆိုင်းဘုတ်အား ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်က အောင်သပြေ အမွှေးနံ့သာရည် ပက်ဖျန်းပြီး အောင်မြင်စွာ စိုက်ထူခဲ့ကြောင်းနှင့် ရေနွေးကြမ်း စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင် တောင်သူ လယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်၊ ဟင်္သာတခရိုင် ကော်မတီဝင် ဦးစောရေမီ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်ဦးနှင့် မြို့နယ်/ ကျေးရွာ ကော်မတီဝင်များ၊ ပါတီဝင်များ၊ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန် မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ် ပုံမှန်အစည်း အဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။
နေပြည်တော် မေ ၁၆
ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် တောင်ညိုအုပ်စု တောင်ညိုကျေးရွာအုပ်စု ပါတီရုံး၌ ယမန်နေ့ နံနက် ၈ နာရီခွဲမှ ၁ဝ နာရီခွဲထိ ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နာရေးကူညီမှုအသင်း တောင်ညိုနှင့် ဘုန်းတော်ကြီး ကျောင်းလမ်းခင်းရန် အလှူငွေများ သွားရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက် မေ ၁၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဦးဝင်းမြင့်စိုး ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခွဲက သက်ရင်းကုန်းအုပ်စု ဂုံညင်း တန်းကြီးကျေးရွာရှိ ပြည်ခိုင်ဖြိုး ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးဇော်လွင်ထွန်း နေအိမ်တွင် ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကိုကျင်းပခဲ့ကြောင်း သိရသည်။ ယင်းတွင်အခမ်းအနားမှူး ဒေါ်တင့်တင့်ခိုင်က ဖွင့်လှစ်ကြောင်း ကြေညာပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်းနာယက ဦးဝင်းမြင့်စိုးက အဖွင့် စကားနှင့် သိမှတ်ဖွယ်ရာ အကြောင်းအရာများကို ပြောကြားခဲ့သည်။
ရန်ကုန် မေ ၁၆