အောင်လံ၊
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်သည် အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ နံနက် ၁၀း၃၀ နာရီတွင် မြို့နယ်ကော်မတီဝင်များနှင့် တွေ့စုံကာ ပါတီ၏ လုပ်ငန်းစဉ်များ ဆောင်ရွက်ချက်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည် ၁၃း၃၀ နာရီတွင် ရပ်နားခဲ့ကြ ပါသည်။






