ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌမှ လုံးခင်းနှစ်ခြင်းအသင်းတော် သင်းထောက်ဆရာ၏အမှုတော်ဆောင် (၂၅) နှစ်ပြည့် ငွေရတုသဘင် ကျေးဇူးတော် ချီးမွမ်းပွဲသို့ တက်ရောက်

 

ဖားကန့်  မေ ၁၄

ကချုင်​ပြည်​နယ်​၊ မိုးညှင်းခရိုင်​၊ ဖားကန့်​မြို့နယ်​ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအင်ဖရောင်းဂမ်သည် ခရိုင်ပါတီ ကော်မတီဝင် ဦးစိုင်းသိန်းထွန်း၊ ဦးမရန်ဘရန်ဆိုင်း၊ မြို့နယ်ပါတီ ကော်မတီဝင် (လူငယ်တာဝန်ခံ) ဦးလွမ်းဝေတိုး နှင့်အတူ ယမန်နေ့ နံနက် ၀၉း၄၅မှ ၁၃း၀၀ နာရီအချိန်အထိ ဖားကန့်မြို့နယ် လုံးခင်းနှစ်ခြင်း အသင်းတော်တွင် ပြုလုပ်သည့် သင်းထောက်​ဆရာ ဦးခွမ်ဆိုင်းနော်၏ အမှုတော်ဆောင် (၂၅) နှစ်ပြည့် ငွေရတုသဘင် ​ကျေးဇူးတော် ချီးမွမ်းခြင်း ဆုတောင်းအစည်းအဝေးသို့ တက်ရောက်သည်။ ဆက်လက်ပြီး ရိုးရာမဂွမ်းလစ်အစား ​ငွေကျပ်ငါး​သောင်း (၅၀၀၀၀/-) လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Usdp Kachin State

ဒုတိယအကြိမ် စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

 

ရန်ကုန် မေ ၁၄

စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့် ဂန္ဓမာဟိုးလ်ဆေးလ် (Gandamar Wholesale) Grand Ballroom ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ အခမ်းအနားမှူးက အခမ်း အနားဖွင့်လှစ်ကြောင်း ကြေညာပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဂုဏ်ပြုအမှာစကား ပြောကြား ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပဲခူးမြို့နယ်ရှိ ပါတီဝင်များ၊ နိုင်ငံရေးပါတီများ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

 

နေပြည်တော်၊ မေ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ မေလ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ ပဲခူးမြို့နယ်ပါတီရုံး ခန်းမ၌ ပဲခူးမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ ပြည်သူလူထုများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကာ အမှာစကား ပြောကြားခဲ့သည်။

မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီ ကော်မတီဝင်များနှင်ပ တွေ့ဆုံပွဲကျင်းပ

 

မအူပင် မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပ သော မြို့မတိုက်နယ် (၁) ရပ်ကျေးပါတီ အောင်နိုင်ရေး ကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အားမာန် ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မဘိမ်းပြည်ခိုင်ဖြိုးပါတီ လစဉ်လုပ်ငန်းညှိနိုင်း အစည်းအဝေးကျင်းပ

 

မဘိမ်း မေ ၁၃

မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ၁၀ နာရီအချိန်က မြို့နယ်ရုံးတွင် ကျင်းသည်။

အစည်းအဝေးတွင် မိုးမိတ်ခရိုင်ပါတီအတွင်းရေးမှူး ဦးမြင့်လှိုင်နှင့် ခရိုင်ပါတီကော်မတီဝင်များ မဘိမ်းမြို့နယ် ပါတီဥက္ကဌ ဦးဇော်လွင်နှင့် ပါတီကော်မတီဝင်များ ပါတီအကြံပေးများ နာယကများ ရပ်ကျေးပါတီ ဥက္ကဌများ အမျိုးသမီးရေးရာများ လူငယ်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ခရိုင်အတွင်းရေးမှူးနှင့် မြို့နယ်ပါတီ ဥက္ကဌတို့က ပါတီရှေ့လုပ်ငန်းစဉ်များ အမျိုးသမီးရေးရာ လူငယ်ရေးရာများ အသစ်ဖွဲ့စည်းရေး စည်းရုံးလှုပ်ရှားရေး ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးသည်။USDP Shan – North

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ကော့မှူးမြို့နယ် ပါတီဝင်များနှင့်တွေ့ဆုံ

 

ကော့မှူး မေ ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီစည်းကမ်း ထိန်းသိမ်းရေးဌာနကြီးမှ ပါတီဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်းနှင့်အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမ၌ ပါတီဝင်များနှင့် တွေ့ဆုံ ခဲ့သည်။

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ အခက်ကြုံနေသည့် ကျေးရွာများသို့ ပြည်ခိုင်ဖြိုးပါတီမှ သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်း

 

ညောင်ဦး မေ ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ရာသီဥတု အပူချိန်မြင့်တက်နေမှုကြောင့် မြို့နယ်အတွင်းရှိ အညာကျေးလက် ဒေသများတွင် ကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ နေရကြောင်းသိရသဖြင့် ယမန်နေ့ နံနက်ပိုင်းက ညောင်ဦးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်နယ်မြေ တာဝန်ခံ၊ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ ပူးပေါင်းအဖွဲ့က ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ သောက်သုံးရေသန့်များ နေ့စဉ်လှူဒါန်း

 

မကွေး မေ ၁၃

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များသည် ချောက်မြို့နယ်အတွင်း သောက်သုံးရေ ပြတ်လပ်လျက်ရှိသော ကျေးရွာများသို့ နေ့စဉ်သောက်သုံးရေသန့်များ လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦး၊ အတွင်းရေးမှူး ဦးသန်းလှိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌများ၊ ပါတီဝင်များက ဂွေးချိုတိုက်နယ် သစ်တိုကန်အုပ်စု စန်းနီစန်းကန် ကျေးရွာများသို့ သောက်ရေသန့်ဘူးကြီး ၄၃၅ ဘူးအား သွားရောက် လှူဒါန်း ပေးခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌနှင့် မြို့နယ်ကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

 

မိုးကောင်း။ မေ ၁၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် ပါတီရုံးခန်းမ၌ ယမန်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် ဥက္ကဌနှင့် မြို့နယ်ကော်မတီဝင်များသည် ရှေ့လုပ်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးလျှက် ရှိပါသည်။

တွေ့ဆုံဆွေးနွေးရာတွင် မိုးကောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဌ ဦးထွန်းထွန်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ခံများ နယ်မြေတာဝန်ခံများနှင့် ရှေ့လုပ်ရမည့် လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြ ပါသည်။