စလင်း ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် သက်တောကျေးရွာအုပ်စု ကျွန်းချောင်းကျေးရွာ၌ ယမန်နေ့ နံနက် ၈ နာရီ ခွဲက ရပ်ကျေး ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပခဲ့သည်။
စလင်း ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် သက်တောကျေးရွာအုပ်စု ကျွန်းချောင်းကျေးရွာ၌ ယမန်နေ့ နံနက် ၈ နာရီ ခွဲက ရပ်ကျေး ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပခဲ့သည်။
ပျဉ်းမနား ဇူလိုင် ၉
ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနေဖြင့် မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ် အစည်း အဝေး (၇/၂ဝ၁၉) ကို ယမန်နေ့ နံနက် ၉နာရီမှ ၁၁ နာရီအထိ မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဦးဝင်းမြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် လူငယ်ပါတီဝင် သီဟသွေးအဖွဲ့များ စုံလင်စွာ တက်ရောက်ခဲ့ ကြသည်။
ဇူလိုင် ၁၀ ၊ ကျောက်တံခါး
ချောင်းဦး ၊ ဇူလှိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရေနွေးကြမ်း စကားဝိုင်းဆွေးနွေးပွဲကို ကျောက်စစ်ကန်ကျေးရွာအုပ်စု ဦးဇော်မြင့်နေအိမ်၌ ၉ – ၇ – ၂၀၁၉ ရက်နေ့ မနက်၁၀ နာရီ၌လည်းကောင်း၊ ငါးလုံးတင်ကျေးရွာ ဦးအောင်ဝင်းနေအိမ်၌ ၁၄း၃၀ နာရီ၌လည်းကောင်း ကျင်းပပြုလုပ်ရာ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းတက်ရောက်၍ ယနေ့နိုင်ငံရေးအခြေအနေများ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
နေပြည်တော်၊ ဇူလိုင်၁၀
ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ပြုပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီအချိန်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီရုံး ခန်းမတွင် ကျင်းပခဲ့သည်။
ဟင်္သာတ ဇူလိုင် ၈
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဟင်္သာတမြို့နယ် အတွင်းရှိ ရပ်/ကျေးကော်မတီဝင်များ၏ သားသမီး များကို ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဟင်္သာတခရိုင် ပါတီရုံးခန်းမ၌ ကျင်းပရာ ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် တက်ရောက်ချီးမြှင့် ခဲ့သည်။ အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှု ဆောင် ဦးအောင်တင်မြင့်၊ ပါတီဗဟိုကော်မတီဝင် ဦးခင်မောင်ရီ၊ ဟင်္သာတခရိုင် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ကော်မတီဝင်များ၊ ဒေသခံများ တက်ရောက်ကြသည်။
ယမန်နေ့ (၈.၇.၂၀၁၉) ရက်နေ့ မွန်းလွဲ (၁၄း၃၀) အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ပါတီ တိုင်းပါတီကော်မတီဝင် ဒေါ်သိင်္ဂီဝင်းရွှေ (တိုင်းအမျိုးသမီးရေးရာ တာဝန်ခံ) သည် တိုင်းအရံပါတီကော်မတီဝင် ဒေါ်ကြူ မိုးသန့် (မုံရွာခရိုင်အမျိုးသမီးရေးရာ တာဝန်ခံ)၊ မုံရွာမြို့ နယ်ပါတီဥက္ကဌ ဦးကျော်ဝင်း၊ အတွင်းရေးမှူး ဦးမြင့်စိုး၊ မြို့နယ်ပါတီ ကော်မတီဝင်များ ဖြစ်ကြသည့် ဦးကျော်ဝင်းနိုင်၊ ဒေါ်သီတာစိမ့် (မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံ) တို့နှင့်အတူ မုံရွာမြို့နယ် ကျောက္ကာ (တောင်) ရွာ ဦးကျော်ဝင်း နေအိမ်၌ ပါတီဝင်အမျိုးသမီးများ၊ကျေးရွာ အမျိုးသမီးအဖွဲ့များနှင့် တွေ့ဆုံခဲ့ပါသည်။
မကွေး၊ ဇူလိုင်၊ ၉
ရန်ကုန် ဇူလိုင် ၈
လသာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ (၂၃) ကြိမ်မြောက် ဝါဆိုသင်္ကန်း ကပ်လှူပွဲကို မြို့နယ်ပါတီရုံး၌ ပြုလုပ်ရာ အခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင် ဒေါ်သင်းသင်းမိုး၊ ရန်ကုန်အနောက်ပိုင်း ခရိုင်ပါတီဥက္ကဋ္ဌ ဦးနေဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ဟုတ်စိန်နှင့် ကော်မတီဝင်များ၊ ရပ်ကွက်ပါတီ ကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပန်းဘဲတန်း မြို့နယ် မဟာသိမ်တော်ကြီး ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူပြီး ဆရာတော်အား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တရား တော်နာရေစက်ချကာ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရ သည်။ထိန်ဝင်း(YGN)
ယမန်နေ့ ရှမ်းမြောက် မိုးမိတ်မြို့နယ် ပါတီဥက္ကဌ ဒေါ်နန်းခင်မြင့်င့်ဌေး ၊ အတွင်းရေးမှူး ဦးမောင်ငယ်နှင့် မြို့နယ် EC များ ၊ အမျိုးသမီး ရေးရာ ဒုတာဝန်ခံ ဒေါ်နှင်းဆီနှင့် လူငယ်ရေးရာ အတွင်းရေးမှူး ကိုစိုင်းကျော်ထွန်းနိုင်တို့ အဖွဲ့ဝင်များသည် မိုးဟောက်ကျေးရွာ အုပ်စုဘော်ဒေ ကျေးရွာပါတီဝင် ကိုမြင့်ကျော်စိုး နေအိမ်တွင် ပါတီဆိုင်း ဘုတ်တင်ခြင်း ၊ ဦးဆန်ပ နေအိမ်တွင် ကျေးရွာလူထုနှင့် တွေ့ဆုံ၍ ရေနွေးကြမ်း စကားဝိုင်းနှင့် အိမ်သုံးဆပ်ပြာရည် ချက်သင်တန်းအား (၂၈) ရွာမြောက် လက်တွေ့ ချက်လုပ် ပြသခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသော ကျေးရွာလုထု (၃၀) ဦးတို့အား ဆပ်ပြာရည်များ ဝေဌခဲ့ကြကြောင်း သိရှိရပါသည်။USDP Shan – North