နေပြည်တော်၊ စက်တင်ဘာ ၁၆
ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ အစည်းအဝေးကို ဂုဏ်ပြုသောအားဖြင့် ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်သစ် ၄၀၅ ဦးဝင်ရောက်သည့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကို ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်တွင် ကျင်းပပြုလုပ် ခဲ့သည်။
ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားအား နိုင်ငံတော်အလံကိုအလေးပြုပြီး နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
