ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏(၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့သို့ပေးပို့သည့် သဝဏ်လွှာ


ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး၏ (၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်

ရန်ကုန် ဇန်နဝါရီ ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး၏ (၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအာဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအား ဇန္နဝါရီ ၆ရက်နေ့ နံနက်(၈း၀၀)နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြိုနယ် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်၅၀၀) တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် “ဖြိုးမေတ္တာ” ကိုယ်ထူကိုယ်ထ မူလတန်းကြိုကျောင်းဖွင့်လှစ်

ဇန်နဝါရီ ၅၊ နေပြည်တော်

ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှုး ဒေါက်တာမောင်သင်းနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ကျောက်ဆည် ဇန်ဝါရီ ၅

ပြည်ခိုင်ဖြိုးပါတီဌာနချုပ်၊ ဦးစီးရုံးဝန်ထမ်းမိသားစု (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့်အားကစားပြိုင်ပွဲပြုလုပ်ကျင်းပပြီး ဆုများချီးမြှင့်

နေပြည်တော် ဇန်နဝါရီ ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ပါတီဝင်များနှင့်တွေ့ဆုံပွဲသို့တက်ရောက်

ဇန်နဝါရီ ၁၊ ရန်ကုန်


ပန်းတနော် ဒီဇင်ဘာ ၂၅

၂၅.၁၂.၂၀၂၃နေ့နံနက်၉း၃၀တွင်ဧရာဝတီတိုင်း၊မအူပင်ခရိုင်၊ပန်းတနော်မြို့နယ် ဗိုလ်မြတ်ထွန်းဧည့်ရိပ်သာတွင် ဗဟိုအတွင်းရေးမှူး၊ဧရာဝတီတိုင်းပေါင်းစပ်ညှိနှိုင်းရေးမှူးဒေါက်တာသန်းထွန်း၊တိုင်းပါတီကော်မတီဝင်ဦးအောင်မြင့်သိန်း(မီဒီယာ)တို့သည်မအူပင်ခရိုင်၊မအူပင်၊ညောင်တုန်း၊ပန်းတနော်၊ဓနုဖြူမြို့နယ်များမှကော်မတီဝင်များ၊အရံကော်မတီဝင် (၄၂)ဦးဖြင့်တွေ့ဆုံခဲ့ရာ ဗဟိုအတွင်းရေးမှုးမှပါတီ​ခေါင်း​ဆောင်များသည် အများနှင်ဆက်ဆံရသူများဖြစ်၍ဝတ်စားဆင်ယင်မှု့သတိပြုရန်၊ပါတီ၏ရည်မှန်းချက်၊ဖွဲ့စည်းမှု့မှန်ကန်၍လူမှန်နေရာမှန်ဖြစ်ရေး၊တာဝန်ယူမှု့တာဝန်ခံမှု့တို့ဖြင့်ပါတီက​ပေးအပ်​သောညွှန်ကြားချက်များအ​ကောင်အထည်​ဖေါ်​ဆောင်ရန်၊ယ​နေ့တွင် မီဒီထောင်ခြောက်၏မှိုင်းတွင်မိနေမှု့များအားပြည်သူများသိရှိသဘောပေါက်အောင်မိမိတို့ပြောဆိုတတ်ရန်၊ယနေ့ဖြစ်ပျက်နေသောနိုင်ငံရေး အခြေအမှန်ကိုသုံးသပ်ရန်လိုကြောင်း ပြောကြားခဲ့ပြီးတက်ရောက်လာသောခရိုင်၊(၄)မြို့နယ်မှ မရှင်းလင်းသည်များကိုဆွေးနွေးကာနေ့လည် ၁၁း၁၀တွင်အစည်းအဝေးကိုရုပ်သိမ်းခဲ့ပါသည်

============

ပြည်ခိုင်ဖြိုး​ပါတီဗဟိုအတွင်းရေးမှူး၊ ဧရာဝတီတိုင်းပေါင်းစပ်ညှိနှိုင်းရေးမှူး ဒေါက်တာသန်းထွန်း မအူပင်ခရိုင်၊ မအူပင်၊ ညောင်တုန်း၊ပန်းတနော်၊ဓနုဖြူမြို့နယ်များမှ ကော်မတီဝင်များ၊ အရံကော်မတီဝင်များနှင့်တွေ့ဆုံ

မြန်မာနိုင်ငံစာရေးဆရာအသင်း စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ကန်တော့ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးတက်ရောက်၍ အလှူငွေပေးအပ်လှူဒါန်း

ရန်ကုန်၊ဒီဇင်ဘာ(၂၄)

မြန်မာနိုင်ငံစာရေးဆရာအသင်း စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များကန်တော့ပွဲအခမ်းအနားကို (၂၄.၁၂.၂၀၂၃)ရက်နေ့နံနက်(၀၉း၀၀)နာရီအချိန်က ရန်ကုန်မြို့ မြို့တော်ခန်းမ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းတက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှလှူဒါန်းသောအလှူငွေ(၁၀)သိန်းကျပ်ကို ပါတီ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးမှပေးအပ်လှူဒါန်းပါသည်။
ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဌဦးခင်မောင်စိုးနှင့်ဇနီးဒေါ်နီနီမိသားစုမှအလှူငွေ(၃)သိန်းကျပ်နှင့်တိုင်းဒေသကြီးပါတီ၏အလှူငွေ(၃)သိန်းကျပ် စုစုပေါင်း(၆)သိန်းကျပ်ကို တိုင်းဒေသကြီးပါတီဥက္ကဌဦးခင်မောင်စိုးကပေးအပ်လှူဒါန်းခဲ့ပြီး အခမ်းအနားကို(၁၀း၀၀)နာရီအချိန်တွင်အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

===============


ပုသိမ် ဒီဇင်ဘာ ၂၃

၂၃.၁၂.၂၀၂၃နေ့ ၀၉း၃၀နာရီဧရာဝတီတိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစည်းအဝေးခန်းမတွင်ဗဟိုအတွင်းရေးမှုး၊ဧရာဝတီတိုင်းပေါင်းစပ်ညှိနှိုင်းရေးမှုး ဒေါက်တာသန်းထွန်းနှင့် တိုင်းကော်မတီဝင်များ၊ခရိုင်၊မြို့နယ်ဥက္ကဌ၊အတွင်းရေးမှုးများ (၈၀)ဦးတွေ့ဆုံခဲ့ရာ တိုင်းပါတီဥက္ကဌဦးသိန်းထွန်းက တွေ့ဆုံရသည့်အကြောင်းအား ချပြရှင်းလင်းခြင်း၊ဗဟိုအတွင်းရေးမှုးဦးသန်းထွန်းက ဧရာဝတီအတွင်းဖြစ်​ပေါ်​နေမှု့လက်ရှိအ​ခြေအ​နေများ ရှင်းလင်းပြောကြားခြင်း ၊တက်ရောက်လာသည့် (၂၆)မြို့နယ်မှပါတီဥက္ကဌများက ပါတီ၏စုဖွဲ့ထားရှိမှု့၊ပါတီဝင်သစ်စုဆောင်းရရှိမှု၊ပြည်သူများ၏လိုလားတောင်းတချက်၊ရွေးကောက်ပွဲကျင်းပနိုင်မှုအခြေအနေများကိုတင်ပြဆွေးနွေးခဲ့ကြပြီး ဗဟိုအတွင်းရေးမှူးက နိဂုံးချုပ်ပြောကြားကာ​ ၁၆း၁၅တွင်တွေ့ဆုံပွဲကိုရပ်နားခဲ့ပါသည်။

================

ဧရာဝတီတိုင်းဒေသကြီး၊ ပေါင်းစပ်ညှိနှိုင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူး၊ ဒေါက်တာသန်းထွန်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်းခရိုင်မြို့နယ်ပါတီတာဝန်ရှိသူများတွေ့ဆုံ