ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ မအူပင်မြို့နယ်တွင် တိုင်းခရိုင်မြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ

 

မအူပင် ဇွန် ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသိန်းညွန့်သည် တိုင်း၊ ခရိုင်၊ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး မျိုးဆက်အားမာန် ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် စာပေဟောပြောပွဲ ပြုလုပ်ကျင်းပ

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ဦးဝေလွင် (သို့) စာရေးဆရာဝေလွင်မောင် အပါအ၀င် စာရေးဆရာချစ်နိုင် (စိတ်ပညာနှင့် စာရေးဆရာ မနုဿကျော်ဝင်းတို့ ပါဝင်သည့် စာပေဟောပြောပွဲ တစ်ရပ်ကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ၊် မအူတောကျေးရွာ လယ်ပြင်ကျောင်းတိုက် ဝန်းအတွင်း ၁၅-၆-၂၀၁၉ နေ့က ကျင်းပပြုလုပ် ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့ ဓနုဖြူမြို့နယ်တွင် ရေနွေကြမ်းစကားဝိုင်း ပြုလုပ်

 

ဇွန် ၁၆၊ ဓနုဖြူ

ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ဇီးဖြူကုန်းကျေးရွာတွင် ကျေးလက်နေ ပြည်သူများနှင့် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းတို့ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့ကြသည်။

ဒေသခံများကလည်း အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေး ခဲ့ကြပါသည်။


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့ ဇလွန်မြို့နယ်တွင် ရေနွေကြမ်းစကားဝိုင်း ပြုလုပ်

 

ဇွန် ၁၆၊ ဇလွန်

ဇွန်လ ၁၆ ရက်နေ့ နေ့လည် (၁) နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် သရက်ချောင်းကျေးရွာ အုပ်စုတွင် ကျေးလက်နေပြည်သူများ၊ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့တို့ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့ကြပြီး ဒေသခံများကလည်း အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေး ခဲ့ကြသည်။


နိုင်ငံရေးပါတီ (၂၆) ပါတီ၏ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက် ၁၃၈၁ ခုနှစ် ၊ နယုန်လဆန်း ၁၄ ရက် ၂၀၁၉ ခုနှစ် ၊ ဇွန်လ ၁၆ ရက်

 


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်အတွင်းရှိ ရပ်မိရပ်ဖများပြည်သူများ၊ ပါတီဝင်များနှင့် တွေ့ဆုံ

 

ရန်ကုန် ဇွန် ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာ၊ ပါဒကြီး ငါးထပ်ကြီးဘုရားတန်ဆောင်း အတွင်းတွင် ကျောက်တန်းမြို့နယ် ပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ ပြည်သူများဖြင့် တွေ့ဆုံခဲ့သည်။

ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

ဇွန် ၁၃

ရပ်​​စောက်​မြို့နယ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မြို့နယ်​ပါတီဥက္ကဌနှင့်​​ ကော်​မတီဝင်​များ၊ ရပ်​ကွက်​/​ကျေးရွာအုပ်​စုဥက္ကဌနှင့်​ အဖွဲ့ဝင်​များ လုပ်​ငန်းညှိနှိုင်း အစည်းအ​ဝေးကို မြို့နယ်ရုံးရှိ ရတနာသီရိခန်းမ၌ နံနက် ၁၀ နာရီချိန်မှ စတင်ပြီး ကျင်းပရာ မြို့နယ်တွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ဥက္ကဋ္ဌများနှင့် အမှုဆောင်များ စုစုပေါင်း အင်အား (၆၀) ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

ရှမ်း(တောင်) ပြည်ခိုင်ဖြိုးပါတီ နယ်မြေတာဝန်ခံ ကျိုင်းတောင်း ရပ်မိရပ်ဖများ ပါတီဝင်များနှင့် တွေ့ဆုံ

 

မိုးနဲ ဇွန် ၁၃

ရှမ်းပြည် (တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ တာဝန်ခံ ဦးအောင်ထွန်းနှင့် ပြည်နယ်ပါတီ ကော်မတီဝင် ဦးစိုင်းစံဝင်း တို့သည် မိုးနဲမြို့ နယ်ကျိုင်းတောင်းမြို့ရှိ ရပ်မိ/ရပ်ဖ၊ ပါတီဝင်များနှင့် တွေ့ဆုံခြင်းကို ကျိုင်းတောင်းမြို့ ပြည်ခိုင်ဖြိုး ပါတီရုံး ခန်းတွင် ယမန်နေ့ နံနက် ၁၁ နာရီ က ကျင်းပခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တရုတ်ဘာသာ (အခြေခံ) စကားပြောသင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကား ပြောကြား

 

မန္တလေး ဇွန် ၁၃

မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီနှင့် မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း (မန္တလေးတိုင်းဒေသကြီး) တို့ ပူးပေါင်း၍ တရုတ်ဘာသာ (အခြေခံ) စကားပြောသင်တန်းဆင်းပွဲ အခမ်းအနားကို တိုင်းဒေသကြီးပါတီရုံး သင်တန်းခန်းမဆောင်တွင် ယမန်နေ့ နံနက် ၈နာရီမှ ၉ နာရီခွဲအထိ ကျင်းပခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက် ခဲ့သည်။

ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေနွေးကြမ်းစကားဝိုင်းသို့ မန္တလေးဒေသကြီး မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူ တက်ရောက်

 

ဇွန် ၁၃