မြစ်သား ဇွန် ၎
မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရစ်ကန်ကျေးရွာအုပ်စုနေ ဦးရွှေအောင်အား ပရဟိတသူရဲကောင်း ဆုချီးမြင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈နာရီခွဲက ကျေးရွာအုပ်ချုပ်ရေးမှူး ရုံး၌ ကျင်းပသည်။
မြစ်သား ဇွန် ၎
မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရစ်ကန်ကျေးရွာအုပ်စုနေ ဦးရွှေအောင်အား ပရဟိတသူရဲကောင်း ဆုချီးမြင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈နာရီခွဲက ကျေးရွာအုပ်ချုပ်ရေးမှူး ရုံး၌ ကျင်းပသည်။
ဇွန် ၅
သံတွဲပြည်ခိုင်ဖြိုးပါတီမှ ယနေ့ နံနက် (၈း၀၀) အချိန်တွင် ရေးရှားပါးသော ကျေးရွာအုပ်စုများသို့ သောက်သုံးရေ များ သွားရောက်လှူ ဒါန်းခဲ့ပါသည်။
အဆိုပါ လှူဒါန်းပွဲသို့ သံတွဲခရိုင် ဘဏ္ဍာရေးမှူး ဦးဝင်းသိန်း၊ မြို့နယ်ဥက္ကဌ ဦးစန်းနိုင်၊ အရံကော်မတီဝင် ဦးအောင်မျိုးဦး၊ ဒေါ်စန်းစန်းတင်၊ ဒေါ်စန်းစန်းမြင့်နှင့် လူငယ်ပါတီဝင်များ အမျိုးသမီးရေးရာ ပါတီဝင်များသည် ပဒဲကောကျေးရွာအုပ်စုနှင့် လက်ပံစု ကျေးရွာအုပ်စုများသို့ သွားရောက်၍ သောက်သုံးရေများ လှူဒါန်းခဲ့ကြသည်။
စလင်း ဇွန် ၎
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးဝင်းမြိုင် ခေါင်းဆောင်သော မြို့နယ်ပါတီ ကော်မတီဝင်များသည် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် စလင်းမြိုနယ် လင်းဇင်း ကျေးရွာ အုပ်စုသရက်ကုန်း ကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်ခိုင်ဖြိုး ပါတီဝင်များက ပြည်ခိုင်ဖြိုးပါတီ၏ လက်ရှိဆောင်ရွက်နေမှုများကို အားပေးထောက်ခံသော ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။
ပေါက်ခေါင်း ဇွန် ၎
ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ညောင်ပင်အင်းရွာ အလယ်စုမှ တောင်သူ လယ်သမားကြီးများနှင့် တွေ့ဆုံရန် ယမန်နေ့ နံနက်ပိုင်းတွင် ပြည်ခရိုင် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းထွန်းမြင့်၊ တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးသိန်းစိုးနှင့် သက်ဆိုင်ရာ နယ်မြေတာဝန်ခံများ သွားရောက် ခဲ့ကြသည်။
တနင်္သာရီ ဇွန် ၎
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် လေးမြို့နယ်၏ ပါတီဥက္ကဋ္ဌများနှင့် ခရိုင်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီ ၁၅ မိနစ်က ကျင်းပခဲ့ကြောင်း သိရသည်။
ဟိုပင်ဒေသ။ ဇွန် ၎
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မိုးညှင်းမြို့နယ်၊ ဟိုပင်ဒေသ ကြာကြီးကွင်းအုပ်စု ရပ်/ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲအား ယမန်နေ့ နံနက် ( ၁၀း၃၀) အချိန်တွင် ဟိုပင်မြို့၊ ကြာကြီးကွင်းကျေးရွာအုပ်စု၊ ရှမ်းကုန်းကျေးရွာ ဦးခင်မောင်စီ နေအိမ်တွင် ကျင်းပပြုလုပ်သည်။
ဇွန်-၄။ မုံရွာ
စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၄) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး
ဒုတိယနေ့ အစီအစဉ်ကို မုံရွာမြို့ တိုင်းပါတီရုံး အစည်းအဝေး ခန်းမတွင် ယနေ့နံနက် (၀၈:၀၀) နာရီအချိန်က
ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအတိုင်ပင်ခံ ဦးသာအေး၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စစ်ကိုင်းတိုင်း ဒေသကြီး တာဝန်ခံ ဦးမြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီ နာယကများဖြစ်ကြသည့် ဦးဥာဏ်ထွန်း၊ ဦးသန်းထွန်းအောင်နှင့် ဦးတင်ငွေတို့ တက်ရောက် ခဲ့ကြသည်။
ရန်ကုန် ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ က တိုင်းဒေသကြီး ခရိုင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရာ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဒေါက်တာကျော်စိုး၊ တိုင်းဒေသကြီး ဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုးနှင့် ပါတီဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ် ပါတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။
နေပြည်တော် ဇွန် ၃
ဝေါ ဇွန် ၃