နေပြည်တော် သြဂုတ် ၂၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အခမဲ့နယ်လှည့်ဆေး ကုသရေးအဖွဲ့မှ ကျေးလက်နေ ပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လိုက်လံကုသဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီမှ စတင်ပြီး ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် သရက်တောအုပ်စု ပိုးစာတောကျေးရွာ ဦးကျော်ခင်နေအိမ် (ရပ်/ကျေးပါတီရုံး) ၌ ကျေးလက်နေပြည်သူ ၁၆၃ ဦးအား အခမဲ့ဆေးဝါးကုသပေးခြင်းများ ပြုလုပ်ဆောင်ရွက် ပေးခဲ့သည်။ အလားတူ ယခင်ရက်များကလည်း မိုးစွေအုပ်စုနှင့် ဘုရားတောင်အုပ်စုမှ ပြည်သူလူထု ၂၉၅ ဦး၊ ယနေ့ ၁၆၃ ဦး၊ ဥတ္တရသီရိမြို့နယ်အတွင်း စုစုပေါင်း ၄၁၈ ဦးတို့အား အခမဲ့ဆေးဝါးကုသ ပေးနိုင်ခဲ့သည်။
