ကြာအင်းဆိပ်ကြီး ဇွန် ၁၁
ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ပြည် ခိုင်ဖြိုးပါတီတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီကCOVID-19 ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်း (Mask) များ ဝေငှခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီး ဇွန် ၁၁
ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ပြည် ခိုင်ဖြိုးပါတီတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီကCOVID-19 ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်း (Mask) များ ဝေငှခဲ့ကြောင်း သိရသည်။
ဇွန် ၁၁၊ ကံမ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကံမမြို့နယ်အတွင်း Covid – 19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပြီး ပြည်သူ့အကျိုးအတွက်ဆောင်ရွက်နေသော အဖွဲ့အစည်းများဖြစ်သည့် တပ်မတော်နှင့် အခြားပရဟိတအဖွဲ့များနှင့်လည်း ကူညီ ဆောင်ရွက်မှုများပြုလုပ်လျက် ရှိပါသည်။
ဇွန်လ (၈)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၁၀) နှစ်မြောက် အထိမ်းအမှတ် လှူဒါန်းခြင်း အခမ်းအနားအား ၂၀၂၀ ခုနှစ် ဇွန်လ (၈) ရက်နေ့တွင် နေပြည်တော် လယ်ဝေးမြို့နယ် ပေါက်မြိုင်ပရိ ယတ္ထိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ အာလူး၊ လ္ဘက်ခြောက်နှင့် န၀ကမ္မ၀တ္ထုငွေများ လှူဒါန်းခဲ့သည်။
ဇွန် ၂၊ နေပြည်တော်
နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သရေစည်သူ ဦးလှဌေးဝင်းမှ မြို့နယ်ပရဟိအသင်းများနှင့်တွေ့ဆုံပြီး စိုက်ပျိုးရေးကို အခြေခံသော စီပွားရေးလုပ်ငန်းများ (၃)လပတ်သီနှံများအား စိုက်ပျိုးကြရန် ပညာပေးလုပ်ငန်းများအားရှင်းလင်းပြောကြားပြီး ပရဟိတအသင်းများ အရေးပေါ်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် PPE ဝတ်စုံများ လှူဒါန်းပေးခဲ့ပြီး ပရဟိတအသင်းများမှ လက်ခံရယူခဲ့ကြပါသည်။
နေပြည်တော် ဇွန် ၁
===============
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော်ဌာနချုပ် အစည်းအဝေးခန်းမ(၂)တွင် ယနေ့ မွန်းလွဲ ၃နာရီတွင် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် တင်သွင်းသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တာဝန်မှရုပ်သိမ်းပေးရေး အဆိုတင်သွင်းခြင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် လွှတ်တော်ကိုယ်စားလှယ် များဖြစ်ကြသော ဦးသောင်းအေး၊ ဦးမောင်မြင့်၊ ဒေါက်တာမောင် သင်းနှင့် ဦးစိုင်းထွန်းစိန်တို့က သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြပြီး မီဒီယာများ၏မေးမြန်း ချက်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲအား ညနေ ၄နာရီ ၁၅မိနစ်တွင် ရုပ်သိမ်းခဲ့သည်။ ရှင်းလင်းပွဲဆွေးနွေးချက်များအား ဆက်လက် ဖော်ပြပါမည်။
(၃၁-၅-၂၀၂၀)
ညောင်လေးပင်မြို့နယ်အတွင်းရှိ ညောင်လေးပင်မြို့နယ်ဆေးရုံ၊ ပြွန်တန်ဆာတိုက်နယ်ဆေးရုံ၊ မဒေါက်တိုက်နယ် ဆေးရုံနှင့် ပိန်းဇလုပ်တိုက်နယ်ဆေးရုံများသို့ UVC trolley, UV+Ozone Sterilizer Box , Compressor Nebulizer တို့အား (၃၁.၅.၂၀၂၀) ရက်နေ့ နံနက် (၁၀:၃၀နာရီ) တွင် ညောင်လေးပင်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ဦးသောင်းဒန်ဦးထံသို့ သွားရောက်၍ လှူဒါန်းခဲ့ပါသည်။
အမရပူရ၊မေ(၃၁) သုတ(မန္တလေး)
အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ Covid-19 ရောဂါကြိုတင်ကာကွယ်တာဆီးနိုင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနများသို့ PPE ဝတ်စုံများနှင့် Mask များ သွားရောက်လှူဒါန်းခဲ့သည်။
မေ ၃၁၊ မှော်ဘီ
မှော်ဘီမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ သက်ကြီးရွယ်အို ဘိုးဘွားရိပ်သာ စောင့်ရှောက်မူဂေဟာသို့ ပြည်ခိုင်ဖြိုးပါတီမှ တစ်နေ့တာ အာဟာရ အပါအဝင် အလှူငွေ (၃၅၀၀၀၀) ကျပ်အား သွားရောက်လှူဒါန်း ခဲ့ပါသည်။

တန့်ယန်း ဧပြီ ၁
တန့်ယန်းမြို့နယ် ပြည်နယ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်၊ တန့်ယန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်စိုး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးကျော်လှိုင်၊ မြို့နယ်ပါတီကော်မတီဝင်များမှ COVID-19 အဆုတ်ရောင်ရောဂါ ရောဂါကာကွယ်တားဆီးရေးအတွက် ယမန်နေ့တွင် တန့်ယန်းမြို့နယ် အရန်မီးသတ် တပ်ဖွဲ့တို့ ပူးပေါင်းလျက် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးနှင့် တန့် ယန်းမြို့နယ် အထက(၂) COVID-19 အဆုတ်ရောင်ရောဂါ ကာကွယ်တားဆီးရေးစခန်းတို့တွင် ပိုးသတ်ဆေးများဖျန်းခဲ့ကြသည်။

ပွင့်ဖြူ ၊ ဧပြီ ၊ ၂