
ရန်ကုန် အရှေ့ပိုင်းရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရှိ (၁၇) ရပ်ကွက် ဗန္ဓုလအိမ်ရာဝင်းအတွင်း သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်နိုင်ရန် ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများအား အိမ်ရာကော်မတီဝင်၏ တောင်းဆိုမှုကြောင့် ယမန်နေ့ နံနက်၁၁နာရီတွင်ကွင်းဆင်းဆောင် ရွက်ပေးခဲ့သည်။
မိုးဦးကျကာလ၌ သွေးလွန်တုပ်ကွေးအန္တရာယ် ကင်းရှင်းစေရန် အတွက် လမ်းအသီးသီးရှိရေမြောင်းများ၊ နေအိမ်များကြားများအား ခြင်ဆေးဖျန်းဆောင်ရွက်ခဲ့ကြပြီး COVID-19 ကာလကျန်းမာရေးဌာန မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ မွန်းလွဲ ၁နာရီထိ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။












