
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးကျော်ဇေယျာမင်း၊ ဦးစိုးမင်းစမ်၊ မြို့နယ်လူငယ်တာဝန်ခံ ဦးဆန်းထွန်းဦးနှင့် ပါတီဝင်လူငယ် များသည် ယမန်နေ့ နံနက် ၈နာရီက ဘီးလင်းမြို့နယ် ဘိုးရာဇာရပ်ကွက် သာသနာ့ဗိမာန်တော်ကြီးအား(COVID-19)ရောဂါကာကွယ်ရေး အတွက် ပိုးသတ်ဆေးဖျန်းခြင်း နှင့် သာသနာ့ဗိမာန်တော်ပရိဝုဏ် အတွင်း သန့်ရှင်းရေးများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။










