မူလတန်းလွန်ကျောင်းအတွက် COVID-19 ကြိုတင်ကာကွယ်ရေးပစ္စည်းများမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လှူဒါန်း

 

ဗန်းမော် သြဂုတ် ၁၂

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကျောင်းသားကျောင်းသူများ COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဗန်းမော်မြို့နယ် ခိုကျင်ကျေးရွာ မူလတန်းလွန် ကျောင်းအတွက် ကျောင်းဖွင့်ချိန်၌ လိုအပ်မည့် COVID-19 ကြိုတင်ကာကွယ်ရေး ပစ္စည်းများဖြစ်သည့် လက်ဆေးဘေစင်သုံးခု၊ ခြေနင်းအမှိုက်ပုံး ငါးပုံး၊ PPE ဝတ်စုံတစ်စုံ၊ လက်ဆေးဆပ်ပြာ ဆယ်တောင့်၊ လက်ဆေး သန့်စင်ရည်တစ်ဘူးနှင့် နှာခေါင်းစည်း ၅ဝ တို့အား ယမန်နေ့နံနက် ၁၁ နာရီက သွားရောက်ပေးအပ် လှူဒါန်းခဲ့သည်။

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နောက်လယ်ရပ်ကွက် ဒေသခံများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ လှူဒါန်း

 

မြိတ် သြဂုတ်လ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နောက်လယ်ရပ်ကွက်သူ ရပ်ကွက်သားများထံ ဆန်နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ကူညီပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက သွားရောက်ထောက်ပံ့ပေးခဲ့သည်။

ထိုသို့ သွားရောက်ထောက်ပံ့ပေးအပ်ရာတွင် မြိတ်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးမိုးမြင့်၊ အတွင်းရေးမှူး ဦးကိုကိုကြီး၊ ကော်မတီဝင်များနှင့် တာဝန်ရှိပါတီဝင်များက နောက်လယ်ရပ်ကွက်အတွင်းရှိ စားဝတ်နေရေးခက်ခဲ သော ပြည်သူများအတွက် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် နှာခေါင်းစည်း အစရှိသည်တို့ကို ရပ်ကွက်တွင်းရှိ ရပ်ကွက်သူရပ် ကွက်သားများထံသို့ တိုက်ရိုက်ထောက်ပံ့ပေးအပ်ကူညီဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီက ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း

 

ရန်ကုန် သြဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ယမန်နေ့ နံနက် ၁ဝ နာရီမှ စတင်ကာ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ငါးကျောင်းသို့ သွားရောက်ကာ ကျောင်းတိုက်ဆရာတော်ကြီးများထံသို့ ဝါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပသွယ်အထက (ခွဲ) စာသင်ကျောင်းသို့ PPE ဝတ်စုံ နှာခေါင်းစည်းနှင့် အလှူငွေများ လှူဒါန်း

 

ပန်းတနော် သြဂုတ် ၁၃

ဧရာဝတီတိုင်း ဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပန်းတနော် မြို့နယ်ပသွယ်ကျေးရွာရှိ အထက(ခွဲ) စာ သင်ကျောင်းတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံ တစ်စုံ၊ နှာခေါင်းစည်း ကိုးဘူးနှင့် အလှူငွေကျပ်တစ် သိန်းလှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁ဝ နာရီက အဆိုပါ ကျောင်းတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။

Covid ကာလအတွင်း အခက်အခဲရှိနေသူ ပြည်သူများအား ရွှေပြည်တော်သို့ဆုံမှတ် အသင်းမှ ဆန်အလှူတော် ပြုလုပ်ရာသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဌလာရောက်အားပေး

 

လှည်းကူး၊ ဩဂုတ် (၁၀)

နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်နဲ့ ဇနီး ​ဒေါ်ခင်​ခင်​ဝင်းတို့ကို အမှူထား၍ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတ အသင်းသည်​ `ပြည်​သူမှ ပြည်​သူသို့ ´အစီအစဉ်​အဖြစ်​ Covid -19 ကာလအတွင်း အခက်အခဲရှိနေတဲ့ ပြည်သူများကို ဆန်လှူဒါန်းတဲ့ အလှူတစ်ခု ရက်ဆက်ပြုလုပ်လျက်​ရှိရာ ယ​မန်နေ့ နံနက်​ပိုင်းတွင် ရန်​ကုန်​တိုင်း​ဒေသကြီး လှည်းကူးမြို့ပေါ်က “လယ်ပေါ်ကျောင်းတိုက် ဓမ္မာရုံ” တွင်​ ကျွန်းကလေးရွာနဲ့ သပြေရိုးရွာ ရှိ မိသားစု ၁၃၈ စု ကို တစ်အိမ်ထောင် ဆန် (၆) ပြည်နူန်းနဲ့ ထောက်ပံ့ လှူဒါန်းခဲ့ပါတယ်။

ပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး ဝန်းသိုမြို့နယ်ရှိ စာသင်ကျောင်းများသို့ COVID-19 ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

 

ဝန်းသို သြဂုတ် ၁၁

ဟိုပင်စစ်မှုထမ်းဟောင်းရုံး ဆောက်လုပ်ရန်အတွက် ဟိုပင်ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ တစ်သိန်းကျပ် လှူဒါန်း

 

ဟိုပင်။ သြဂုတ်

ယနေ့ မိုးညှင်းမြို့နယ် ဟိုပင်ဒေသ စစ်မှုထမ်းဟောင်းရုံး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ယနေ့ မနက် ၈ နာရီခွဲတွင် ဟိုပင်ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ တစ်သိန်းကျပ် (၁၀၀၀၀၀ကျပ်) လှူဒါန်းခဲ့ရာ စစ်မှုထမ်းဟောင်း ဆရာကြီးဦးခင်မောင်ဝင်းနှင့် အဖွဲ့မှ လက်ခံခဲ့ ကြသည်။

ပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး ကျောင်းနှင့်ဆေးရုံတို့တွင် COVID-19 ကာကွယ်ရေး ပစ္စည်းများ လှူဒါန်း

 

ဝန်းသို သြဂုတ် ၁၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းတွင် ဝန်းသိုမြို့နယ် နမ်းခမ်းဒေသသို့ သွားရောက်ပြီး နမ်းခမ်းအခြေခံပညာ အထက်တန်း ကျောင်းနှင့် နမ်းခမ်းတိုက်နယ် ဆေးရုံသို့ COVID-19 ကပ် ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ၁၅စုံ၊ Mask အခု ၁ဝဝဝ၊ Hand Gel ၁ဝ ဘူး၊Thermometer သုံးခုတို့ကိုလှူဒါန်းခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

ရေဖြူ သြဂုတ် ၉

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးမောင်စိန်နှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာအုပ်စု၊ မင်းဒပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မဝိဟာရ ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်အရှင်ဥုတ္တမအား ဖူးမြော်ပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်းနှင့် ဓမ္မဝိဟာရ ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီက စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဝင်း အတွင်း သန့်ရှင်းရေး ဆောင်ရွက်

 

ရန်ကုန် သြဂုတ် လ

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အမှတ် (၁ဝ၅)ရပ်ကွက် ချယ်ရီမြိုင်လမ်းမကြီးပေါ်ရှိ အမက ၂၅ (လခွဲ) ကျောင်းအား COVID-19 ကြောင့် ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဝင်းအတွင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။