စက်တင်ဘာ ၂၊ ဝက်လက်
စက်တင်ဘာ ၂၊ ဝက်လက်
ရန်ကုန် ၊ စက်တင်ဘာ ၊ ၁ ၊
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေး ပါတီဥက္ကဌ ဦးသန်းဌေးသည် ယမန်နေ့ (စက်တင်ဘာ ၁ ရက်) နေ့ နေ့လည်(၁) နာရီအချိန်ခန့်က၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးရုံး အစည်းအဝေး ခန်းမ၌ ပါတီနိုင်ငံရေးကင်းရှင်းသော
မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသားနိုင်ငံရေးအင်အားစု (ယာယီ) တို့နှင့် တွေ့ဆုံပွဲပြုလုပ် ခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၁
နိုင်ငံတော်နဲ့လူမျိုးတွေအတွက် ဝိဇ္ဇာဘာသာ ပညာရပ်တွေက အလွန်အင်မတန်မှ အထောက်အကူပြုတဲ့ ဘာသာရပ်တွေ ဖြစ်တာကြောင့် တန်းဖိုးထားပြီးသင်ယူကြဖို့ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးမှ တိုက်တွန်းပြောဆို ခဲ့ပါသည်။
ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ကျောက်တန်းမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် မိသားစုများ၏ ပညာရည်ချွန်ဆုပေးပွဲ အဖွင့်မိန့်ခွန်းတွင် တိုက်တွန်းပြောဆိုလိုက်ခြင်း ဖြစ်ပါသည်။
သြဂုတ်-၂၈၊ မုံရွာ
လွိုင်ကော် သြဂုတ် ၂၇
ကယားပြည်နယ် လွိုင်ကော်ခရိုင် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမဆောင်တွင် ယမန်နေ့ နံနက် ၈ နာရီက ပြည်ခိုင်ဖြိုးပါတီဝင် ရပ်ကွက်ကျေးရွာ ပါတီဥက္ကဋ္ဌများအား စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုး ရယ်အောင်သိန်း တက်ရောက်ခဲ့ကြောင်း သိရသည်။အခမ်းအနားကို နိုင်ငံတော် အလံအားအလေးပြုပြီး နိုင်ငံတော် သီချင်းဖြင့် သီဆိုဖွင့်လှစ်ပါသည်။
လွိုင်ကော် သြဂုတ် ၂၇
လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး တွင် ယမန်နေ့ နံနက် ၉ နာရီခွဲမှ ၁ဝနာရီခွဲ အထိ ကယားပြည်နယ် ပြည်ခိုင်ဖြိုး ပါတီလွိုင်ကော်ခရိုင်နှင့် လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များနှင့် ရုံးဝန်ထမ်းများ တွေ့ဆုံပွဲ ကျင်းပရာ ပါတီဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း တက်ရောက်ခဲ့သည်။
ကန်ကြီးထောင့်၊ သြဂုတ် ၂၇။
ပညာရည်ပြည့်ဝသော ကိုယ်ခံအားကောင်းသည့် နိုင်ငံရေးခေါင်းဆောင်များ နိုင်ငံကိုအုပ်ချုပ်ရန် လိုအပ်ဟု ဗဟို လူငယ်ရေးရာကော်မတီဝင် ဒေါ်ကျော့ယဉ်ဝင်းက ယမန်နေ့ ကျင်းပသည့် ဧရာဝတီတိုင်ဒေသကြီး ကန်ကြီးထောင့် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံး၌ ပြုလုပ်သော မြို့နယ် (၁၁) မြို့နယ်မှ လူငယ်များနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပျော်ဘွယ်၊ သြဂုတ် ၂၇
ပျော်ဘွယ်မြို့နယ်တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ ပျော်ဘွယ်မြို့နယ် သာသနာနုဂ္ဂဟအသင်း ပူပေါင်းပြီး ဝတ်ရွတ်ပြိုင်ပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး ပျော်ဘွယ်မြို့နယ် ကျေးရွာအုပ်စု ၈၄ စုမှာ ရှိတဲ့ ကျေးရွာတွေ၊ ပျော်ဘွယ်မြို့ပေါ်ရှိ ရပ်ကွက် ၁၀ ခုက ဝတ်ရွတ်အသင်းတွေနဲ့ ကျောင်းသူကျောင်းသားတွေက ဝတ်ရွက်ပြိုင်ကြမှာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားခဲ့ပါသည်။