* လယ်ယာထုတ်ကုန်များ သင့်တင့်မျှတသည့်
ဈေးနှုန်းရရှိစေရန် ဈေးကွက်ချိတ်ဆက်ဆောင်ရွက်ပေးမည်။
* လယ်ယာထုတ်ကုန်များ သင့်တင့်မျှတသည့်
ဈေးနှုန်းရရှိစေရန် ဈေးကွက်ချိတ်ဆက်ဆောင်ရွက်ပေးမည်။
မတ် ၁၈၊ ပျော်ဘွယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့် မန္တလေးတိုင်းဒေသကြီးပါတီမှ တာဝန်ရှိသူများသည် ၂၀၂၀ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်သို့သွားရောက်ပြီး ၁၃ရက်နေ့တွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် ပြစ်ဒဏ် (၆) လ ချမှတ်ခြင်းခံခဲ့ရသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၏ နေအိမ်သို့ သွားရောက်ပြီး မိသားစုဝင်များအား တွေ့ဆုံကာ အားပေးနှစ်သိမ့်စကားများပြောကြားခဲ့ပါသည်။
မတ် ၁၈၊ ညောင်လေးပင်
ပြည်သူများ၏ ဆေးဝါးကူညီလှူဒါန်းမှုများဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများအား ၁၈-၃-၂၀၂၀ ရက်နေ့တွင် ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့မ (၁) အောက်စုအရပ်တွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြပါသည်။
ဆေးကုသစောင့်ရှောက်ပေးမှုများနှင့်အတူ ပြည်သူများအား Corona Virus အခြေအနေအမှန်များနှင့် ဆောင်ရွက်ရန် ကိစ္စအရပ်များ၊ ရှောင်ရန်အကြောင်းအရာများကိုလည်း ရှင်းပြဆွေးနွေးခဲ့ပါသည်။
မတ်(၁၈)၊ရမည်းသင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က ရမည်းသင်း ခရိုင်ပါတီရုံးခန်းမတွင် ရမည်းသင်းခရိုင်နှင့် ခရိုင်အတွင်းရှိမြို့ နယ်ပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ခဲ့သည်။
တွေ့ဆုံရာတွင် ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်တို့မှ ပါတီတာဝန်ရှိသူများက တစ်ဦးချင်း မိတ်ဆက်စကားများ ပြောကြားခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။
ရန်ကုန် မတ် ၁၈
ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက သဘော့ချောင်း ကျေးရွာ၊ ရေဓနဲရိကျေးရွာအတွင်း ရေကျော်ကျေးရွာ ရပ်မိ/ရပ်ဖ ဒေသခံများနှင့် ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါက်တာနေလင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းရီတို့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကြောင်း သိရသည်။
MARCH 17
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်တို့မှ ရန်ကုန်သို့ ပြောင်းရွှေ့လာသည့် မြိုတိုင်းရင်းသားများကို ပြည်ခိုင်ဖြိုးပါတီက ယနေ့ မတ် ၁၇ ရက်နေ့ နံနက်ပိုင်း က လှည်းကူးမြို့နယ်၊ ကလီထော်အနောက်ကျေးရွာအုပ်စု၊ ကိုက္ကိုတောင်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။
ဒေးဒရဲ မတ် ၁၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ၌ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ ခဲ့သည်။ တွေ့ဆုံရာတွင် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက ရပ်ကွက်၊ ကျေးရွာပါတီဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ အနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ၊ လုပ်ငန်းစဉ်များ၊ မူဝါဒများနှင့် ပါတီအောင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးရာ နယ်မြေခံပါတီ ကော်မတီဝင်များက မိမိနယ်မြေ များအလိုက် တာဝန်ဝတ္တရားများ၊ တာဝန်ယူထားမှုအခြေအနေများ၊ ပါတီအောင်နိုင်ရေးအတွက် ဆောင်ရွက် ထားရှိမှုများ၊ မြို့နယ်ပါတီကော်မတီဝင်များ အနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များ၊ မူဝါဒ များကို ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
* အလုပ်မားများ၏ အနိမ့်ဆုံးလစာသတ်
မှတ်ချက်ကို ဖြစ်ပေါ်နေသည့်လူနေမှု
စရိတ်နှင့် လိုက်လျောညီထွေရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးမည်။
ရန်ကုန် မတ် ၁၅
မတ် ၁၅၊ ပျော်ဘွယ်