အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနများသို့ PPE ဝတ်စုံများနှင့် Mask များ ထပ်မံလှူဒါန်း

 

အမရပူရ၊​မေ(၃၁) သုတ(မန္တလေး)

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ Covid-19 ​ရောဂါကြိုတင်​ကာကွယ်​တာဆီးနိုင်​​ရေး လုပ်​ငန်းများကို စဉ်​ဆက်​မပြတ်​ ​ဆောင်​ရွက်​လျှက်​ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ​ကျေးလက်​​ကျန်းမာ​ရေးဌာနများသို့ PPE ဝတ်စုံများနှင့် Mask များ သွားရောက်လှူဒါန်းခဲ့သည်။

မှော်ဘီမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ သက်ကြီးရွယ်အိုဘိုးဘွားရိပ်သာ စောင့်ရှောက်မူဂေဟာသို့ ပြည်ခိုင်ဖြိုး ပါတီမှ တစ်နေ့တာ အာဟာရ အပါအဝင် အလှူငွေ (၃၅၀၀၀၀) ကျပ်အား သွားရောက်လှူဒါန်း

 

မေ ၃၁၊ မှော်ဘီ

မှော်ဘီမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ သက်ကြီးရွယ်အို ဘိုးဘွားရိပ်သာ စောင့်ရှောက်မူဂေဟာသို့ ပြည်ခိုင်ဖြိုးပါတီမှ တစ်နေ့တာ အာဟာရ အပါအဝင် အလှူငွေ (၃၅၀၀၀၀) ကျပ်အား သွားရောက်လှူဒါန်း ခဲ့ပါသည်။

တန့်ယန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ COVID-19 ရောဂါကာကွယ်ရေး ပိုးသတ်ဆေးဖျန်း

တန့်ယန်း ဧပြီ ၁

တန့်ယန်းမြို့နယ် ပြည်နယ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်၊ တန့်ယန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်စိုး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးကျော်လှိုင်၊ မြို့နယ်ပါတီကော်မတီဝင်များမှ COVID-19 အဆုတ်ရောင်ရောဂါ ရောဂါကာကွယ်တားဆီးရေးအတွက် ယမန်နေ့တွင် တန့်ယန်းမြို့နယ် အရန်မီးသတ် တပ်ဖွဲ့တို့ ပူးပေါင်းလျက် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးနှင့် တန့် ယန်းမြို့နယ် အထက(၂) COVID-19 အဆုတ်ရောင်ရောဂါ ကာကွယ်တားဆီးရေးစခန်းတို့တွင် ပိုးသတ်ဆေးများဖျန်းခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်ဆေးရုံနှင့် မဲဇလီတိုက်နယ်ဆေးရုံများသို့ ကျန်းမာရေး အထောက်အကူပြုသုံးစွဲရန် အလှူငွေများပေးအပ်

ပွင့်ဖြူ ၊ ဧပြီ ၊ ၂

ပြည်သူ့အတွက် အာမခံချက်”

* တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို သမ္မတက ခန့်အပ်မည့်အစား သက်ဆိုင်ရာ လွှတ်တော်များမှ ခန့်အပ်နိုင်ရေးအတွက် ပုဒ်မ (၂၆၁) အား ပြင်ဆင်ပေးမည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ် ခရိုင် မြို့နယ်ဥက္ကဋ္ဌများနှင့် တွေ့ဆုံ

 

ဘားအံ မတ် ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီသည် ယမန်နေ့ နံနက် ၉ နာရီက ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်ပါတီ ဒေါနခန်းမတွင် ကျင်းပသော ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တွေ့ဆုံပွဲခန်းမအတွင်း ဝင်ရောက်ရာ တွင် တက်ရောက်လာသူများကို လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်းများအား စနစ်တကျဆောင် ရွက်စေပြီး ခန်းမအတွင်း၌ ထိုင်ခုံများကို (Social Distancing) ခေါ် လူတစ်ဦးနှင့်တစ်ဦး သုံးပေခြား ထိုင်နည်းစနစ်များအား စနစ်တကျပြုလုပ်ပြီး အခမ်းအနားစတင်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ဟားခါးမြို့နယ်မှ ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံ

 

ဟားခါး မတ် ၂၄ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ယမန်နေ့ နံနက် ၈နာရီ ၄၅ မိနစ်တွင် ဟားခါးမြို့နယ်ပါတီရုံး၌ ဟားခါးခရိုင်နှင့် ဟားခါးမြို့နယ်မှ ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာ၌ ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက တက်ရောက်လာကြသည့် ပါတီတာဝန်ရှိသူများအား ပါတီ လုပ်ငန်းဆိုင်ရာ အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လမ်းညွှန်အမှာစကား အကျယ်တဝင့် ရှင်းလင်းပြောကြားကာ နံနက် ၉ နာရီ ၁၅မိနစ်တွင် ရပ်နားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ဟားခါးမြို့နယ်အတွင်းရှိ ကျေးရွာများမှဒေသခံ ချင်းတိုင်းရင်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ

 

မတ် ၂၃ ၊ ဟားခါး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ဟားခါးမြို့နယ်အတွင်းရှိ ချင်းတိုင်းရင်း သားများ နေထိုင်ရာကျေးရွာများမှ ဒေသခံများအား ယမန်နေ့ မွန်းလွဲပိုင်းက ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့သည်။

ပြည်သူ့အတွက် အာမခံချက်

 

* နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသော လုပ်ငန်းများ၌ အမျိုးသားအကျိုးစီးပွားကို ထိခိုက် စေသော လုပ်ငန်းများအား ပြန်လည်သုံးသပ်ဆောင်ရွက် သွားမည်။


“ပြည်သူ့အတွက် အာမခံချက်”

 

* တောင်သူလယ်သမားရေးရာ ၀န်ကြီးဌာန  ချက်ချင်းဖွဲ့စည်းမည်။

လယ်ယာစိုက်ပျိုး ရေးကဏ္ဍနှင့် တောင်သူလယ်သမားများ၏

အရေးအရာ အားလုံးကို ထိရောက်စွာ  ဖြေရှင်းဆောင်ရွက်ပေးမည်။